အကြောင်းအရာသို့ ကျော်သွားရန်

Rebellion Against God အကြောင်း ကျမ်းစာအခန်းငယ်များ: Sent to those guilty of

16 အခန်းငယ် · 63 ရှုထောင့်

Sent to those guilty of အကြောင်း အခန်းငယ်များ

  1. အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည်။

  2. ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်။

  3. သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။

  4. အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက် နှင့်။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့ စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။

  5. သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။

  6. တဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။

  7. သင်မသိမကျွမ်း၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလအမျိုးရှိရာသို့ စေလွှတ်၏။

  8. သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။

  9. ဣသရေလအမျိုးတို့မူကား၊ သင့်စကားကို နားမထောင်ကြ။ ငါ့စကားကိုပင် နားမထောင်ကြ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံးရှိကြ၏။

  10. သို့ရာတွင်၊ သူတို့မျက်နှာတဘက်၌ သင်၏ မျက်နှာကို၎င်း၊ သူတို့နဖူးတဘက်၌ သင်၏နဖူးကို၎င်း ငါခိုင်ခံ့စေပြီ။

  11. သင်၏နဖူးကို ကျောက်ထက်မက၊ စိန်ထက် သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည်မကြောက်နှင့်။ သူတို့မျက်နှာရည် ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ၏။

  12. နောက်တဖန်အခြားသော ငယ်သားကိုသူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အယှက်ခွဲပြီးမှ လွှတ်ချလိုက်ကြ၏။

  13. အခြားသောသူငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့ကိုရိုက်ကြ၏။ အချို့တို့ကိုသတ်ကြ၏။

  14. ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။

  15. ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊

  16. ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှသတ်၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။