Rebellion Against God အကြောင်း ကျမ်းစာအခန်းငယ်များ: Saul
Saul အကြောင်း အခန်းငယ်များ
သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။