Skip to content

Priests အကြောင်း ကျမ်းစာအခန်းငယ်များ

407 အခန်းငယ် · 86 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်၊ သူ၏သားဝတ်ရသော အဝတ်ကို၎င်း

  2. အာရုန်သည် ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။

  3. သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကို ဆီလိမ်းရမည်။

  4. အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ် အရာဖြစ်သတည်းဟု၊

  5. ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည်။

  6. ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။

  7. အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။

  8. အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။

  9. လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။

  10. မီးဖို၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည်။

  11. ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည်။

  12. ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။

  13. ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။

  14. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကို ခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊

  15. အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလျက်၊ ဦးထုပ်ကို ဆောင်းစေလေ၏။

  16. ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ၏။

  17. နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ ထည့် သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်၍၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။

  18. အအူကိုဖုံးသော ဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသော အမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏

  19. အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာ ရှို့ရ၏။

  20. ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့၍၊ အာရုန် နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။

  21. သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။

  22. သိုးကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတများနှင့် ဆီဥကို မီးရှို့လေ၏။

  23. ဝမ်းထဲ၌ရှိသော အရာနှင့်ခြေတို့ကို ဆေးကြော၍၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ မွှေးကြိုင်ရာဘို့ မီးရှို့သော ယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။

  24. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ ခန့်ထားရာ သိုးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။

  25. သိုးကို သတ်ပြီးမှ၊ မောရှေသည် အသွေးကိုယူ၍၊ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၌ ၎င်း၊ လက်ျာခြေမ၌၎င်း၊ ထည့်လေ၏။