အကြောင်းအရာသို့ ကျော်သွားရန်

Presents အကြောင်း ကျမ်းစာအခန်းငယ်များ

65 အခန်းငယ် · 37 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။

  2. ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။

  3. ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။

  4. တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်။

  5. တာရှု မင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွင်သွင်း၍၊ ဗရှဘမင်းနှင့် သေဘမင်းတို့သည် လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြ လိမ့်မည်။

  6. မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။

  7. လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။

  8. များသောသူတို့သည် မင်းကိုဖျောင်းဖျတတ်ကြ ၏။ လက်ဆောင်ပေးသော သူကိုလည်း၊ လူတိုင်းမိတ်ဆွေ ဖွဲ့တတ်၏။

  9. ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်က၎င်း၊ သူ၏ထမ်းဘိုးကိုသင်၏လည်ပင်းပေါ်က၎င်း ချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ၏။

  10. ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒ ပြည်နယ်တွင်၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံ သို့ပြန်၍၊ ပြည်သားများနှင့်အတူနေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့်လက်ဆောင်ကို ပေး၍လွှတ်လိုက်လေ၏။

  11. အိပ်မက်နှင့်အနက်ကို ဘော်ပြလျှင်၊ ဆုလပ် သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့်အနက်ကို ငါ့အားဘော်ပြကြဟု၊ ခါလဒဲပညာ ရှိတို့ကို မိန့်တော်မူ၏။

  12. ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌၎င်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌၎င်း ခန့်ထားတော်မူ၏။

  13. တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သော သူကို ငွေနှင့်၎င်း၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့်၎င်း ရောင်းသောအပြစ်၊

  14. မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။

  15. အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။