Presents အကြောင်း ကျမ်းစာအခန်းငယ်များ: To appease the angry feelings of others
To appease the angry feelings of others အကြောင်း အခန်းငယ်များ
ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာ ရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ရှေ့တွင် ထွက်သွားသော လက် ဆောင်ဖြင့်၊ သူ၏စိတ်ကို ငါဖြေမည်။ နောက်မှ မျက်နှာ ချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံ လိမ့်မည်ဟု အကြံရှိသတည်း။
ယခုမှာ ကိုယ်တော်၏ ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သော လုလင်တို့ အားပေးစေတော်မူပါ။
ကိုယ်တော်၏ ကျွန်မအပြစ်ကိုသည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တသက်လုံးကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်၎င်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဘို့ ခိုင်ခံ့ မြဲမြံသော အိမ်ကို တည်ဆောက်တော်မူလိမ့်မည်။
သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။