Presents အကြောင်း ကျမ်းစာအခန်းငယ်များ: Often conveyed on camels
Often conveyed on camels အကြောင်း အခန်းငယ်များ
အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန် ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊
ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။
ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ၏။