Skip to content

Praise အကြောင်း ကျမ်းစာအခန်းငယ်များ

490 အခန်းငယ် · 106 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊

  2. အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှါ၎င်း၊

  3. စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကို တီးခတ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ၎င်း လျောက်ပတ်ပေ၏။

  4. လာကြ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။

  5. ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသော အသံကို ပြုကြ ကုန်အံ့။

  6. လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။

  7. ထာဝရဘုရားသည် ငါတို့၏ ဘုရားဖြစ်တော် မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌ နေသော သိုးစုဖြစ်ကြ၏။

  8. ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။

  9. ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းကြီးပေးကြလော့။ ကယ်တင်တော်မူခြင်း တရား ကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။

  10. ဘုန်းတော်ကို တပါးအမျိုးသားတို့၌၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်း ဘော်ပြကြလော့။

  11. ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။

  12. ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာန တော်၌ရှိ၏။

  13. လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်း တန်ခိုးအစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟု ဝန်ခံကြလော့။

  14. ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကိုဆောင်ခဲ့ လျက် တန်တိုင်းတော်သို့ ဝင်ကြလော့။

  15. သန့်ရှင်းသော တန်ဆာကို ဆင်၍၊ ထာဝရ ဘုရားကို ကိုးကွယ်ကြလော့။ မြေကြီးသား အပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံခြင်းရှိကြလော့။

  16. ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။

  17. မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။

  18. စောင်းတီး၍ထာဝရဘုရားအားသီချင်းဆိုကြလော့။ စောင်းတီး၍ တုရိယာ သံကို ပြုကြလော့။

  19. တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။

  20. ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်း ရှိသတည်း။

  21. ငါ့တို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက် ကြလော့။ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်း တော်မူသတည်း။

  22. ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ သန့်ရှင်းသော တောင်တော်မှာ ပြပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ သတည်း။

  23. မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။

  24. ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။

  25. ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ သည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါတို့ သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။