Skip to content

Philippi အကြောင်း ကျမ်းစာအခန်းငယ်များ

47 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ် ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နှုတ်ယူကြစေဟု ရုံးလုလင်တို့ အားပြောဆို၏။

  2. ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့်သိလတို့သည် ရောမလူ ဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊

  3. ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နှုတ်ယူ၍၊ ထိုမြို့မှထွက်သွားပါမည် အကြောင်း တောင်းပန်ကြ၏။

  4. ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှ ထွက်၍ လုဒိအိမ်သို့ ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှထွက်သွား ကြ၏။

  5. ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ၏။

  6. ထိုအရပ်များကိုရှောင်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။

  7. သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့်၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။

  8. ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု၏သား သောပ တရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။

  9. ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။

  10. အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ ရောက်၍ခုနစ်ရက် နေကြ၏။

  11. ယေရှုခရစ်၏ ကျွန်ဖြစ်သောပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ရှိသော သင်းအုပ်တို့နှင့် သင်း ထောက်တို့မှစ၍ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။

  12. သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဘော်၊ ငါ့ကိုပြုစုသော သူတည်း ဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။

  13. ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။

  14. ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။

  15. ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။

  16. ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။

  17. သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။

  18. အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ။

  19. သက်သာလောနိတ်မြို့၌ ငါရှိစဉ်ပင်၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက် ကြ၏။

  20. ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။

  21. ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။

  22. သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ဖိလိပ္ပိမြို့၌ ဆင်းရဲခြင်းနှင့် ညှဉ်းဆဲခြင်းကို ခံပြီးမှ၊ ဘုရား သခင်ကို အမှီပြု၍ ကြီးစွာသော တိုက်လှန်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာ ဟောပြောကြ၏။