Skip to content

Passover အကြောင်း ကျမ်းစာအခန်းငယ်များ

161 အခန်းငယ် · 14 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ့ယဇ်ကောင်၏ အသွေးကို၊ တဆေးပါသောမုန့်နှင့် ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။

  2. သင်သည် အဗိဗလ၌ အဲဂုတ္တုပြည်မှ ထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စား၍ အဇုမပွဲကို ခံရမည်။

  3. အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ ပွဲတော်များ ဟူမူကား၊-

  4. ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။

  5. ၎င်းလ ဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့် ကို စားရကြမည်။

  6. ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

  7. ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်း ဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော်၏။

  8. ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သော ကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။

  9. စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။

  10. ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊

  11. သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုး သားတို့သည် ပြုကြ၏။

  12. ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊

  13. အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ၏။

  14. မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို၏။

  15. ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  16. သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွား သော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။

  17. ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။

  18. ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက်၍ ပွဲခံရသော အခွင့်ရှိ၏။

  19. ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သော အချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည်။

  20. သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။

  21. ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။

  22. ၎င်းလ တဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။

  23. ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

  24. ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီး တကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

  25. နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊