Skip to content

Missions အကြောင်း ကျမ်းစာအခန်းငယ်များ: General references

48 အခန်းငယ် · 3 ရှုထောင့်

General references အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာရှုရိရှင်ဘုရင်က၊ ထိုပြည်မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တယောက်ကို ပြန်ပို့ကြ။ သူသည်သွား၍ ထိုပြည်စောင့်ဘုရား၏တရားကို သွန်သင်လျက်နေပါလေ စေဟု မိန့်တော်မူသည်အတိုင်း၊

  2. ရှမာရိမြို့မှသိမ်းခဲ့သော ယဇ်ပုရောဟိတ် တယောက်သည် ပြန်၍ ဗေသလမြို့၌နေလျက်၊ ထာဝရ ဘုရားကို အဘယ်သို့ ရိုသေရမည်ကို သွန်သင်လေ၏။

  3. မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ကယ်တင်တော်မူခြင်းတရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။

  4. ဘုန်းတော်ကို တပါးအမျိုးသားတို့၌၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌ ၎င်း ဘော်ပြကြလော့။

  5. ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။

  6. ဘုန်းတော်ကို တပါးအမျိုးသားတို့၌၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်း ဘော်ပြကြလော့။

  7. ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါး အမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ် သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည်။ လူများကို ဖြောင့်မတ်စွာ တရားစီရင်တော် မူလိမ့်မည်။

  8. အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊

  9. ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။

  10. နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယောနသို့ရောက်လာသည်ကား၊

  11. သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။

  12. ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း။

  13. ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွား လျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။

  14. နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့် တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာ ရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ် ကြ၏။

  15. နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။

  16. လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။

  17. လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ် ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြ စေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။

  18. ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အ ကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရ သဖြင့်၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြား ပြော၍ ကြော်ငြာစေတော်မူ၏။

  19. လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။

  20. သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။

  21. ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အားဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှါ ပို့ ဆောင် ကြသောအခါ အဘယ်သို့ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။

  22. သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတ ရာကို ဟောကြလော့။

  23. ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။

  24. သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။

  25. နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပွေမြို့ အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ ၏။