အကြောင်းအရာသို့ ကျော်သွားရန်

Meteorology and Celestial Phenomena အကြောင်း ကျမ်းစာအခန်းငယ်များ: Symbolic

53 အခန်းငယ် · 2 ရှုထောင့်

Symbolic အကြောင်း အခန်းငယ်များ

  1. ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။

  2. သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။

  3. မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။

  4. ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။

  5. ကောင်းကင်တမန်တပါးသည်လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာရပ်နေ၏။ ပလ္လင် တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့ သောနံ့သာပေါင်းအများကို ထိုသူ၌ပေး၏။

  6. မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ပဌနာများနှင့်အတူ ကောင်းကင် တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။

  7. ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက် သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။

  8. တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါမိမိတို့ကို ပြင်ဆင်ကြ၏။

  9. ပဋ္ဌမသူသည် တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်းဖြစ်၏။ မြေကြီးအပေါ်သို့ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင် လေ၏။

  10. ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ်၏။

  11. ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်းသေ၏။ သင်္ဘောသုံးစုတစုလည်းပျက်၏။

  12. တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီး သည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။

  13. ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။

  14. စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစု တစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ၊

  15. ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌အနက်ဆုံးသော တွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊

  16. သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်း ထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။

  17. ထိုအတူဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ဝှါကိန္တုကျောက်နှင့်ပြီးသော ရင်အုတ် တန်ဆာရှိသော မြင်းစီးသူရဲတို့ကို၎င်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည်ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်း ထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။

  18. သူတို့၏ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစု သေကြ၏။

  19. အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌၎င်း၊ အမြီး၌၎င်းတည်၏။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ၍ မြွေနှင့်တူ၏ ။အမြီးအားဖြင့်ညှင်းဆဲတတ်ကြ၏။

  20. ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။

  21. ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ၏။ လက်ျာခြေသည်ပင်လယ်ပေါ်မှာ၎င်း ၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာ ၎င်း နင်း၍ ၊

  22. ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ၏။

  23. မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော် ၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံခုနစ် ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား ၏။

  24. ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊

  25. ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက် စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသော အရာ သည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုး မှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည် ဟုကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း ၊ အရပ်ရပ်၌ရှိရှိသမျှတို့ကို၎င်း၊