Skip to content

Michael

5 အခန်းငယ်

Michael ကို ဖော်ပြသော အခန်းငယ်များ

  1. ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍ နေရ၏။

  2. သို့ရာတွင် သမ္မာကျမ်းစာ၌ မှတ်သားသော အမူ အရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ။

  3. ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည်။

  4. ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေ သတည်းဟူ၍ သာပြောဆို၏။

  5. ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။