Skip to content

God အကြောင်း ကျမ်းစာအခန်းငယ်များ

662 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါရှောလမုန်သည် အလျားငါးတောင်၊ အနံငါးတောင်၊

  2. အမြင့်သုံးတောင်ရှိသောပလ္လင်ကိုလုပ်၍၊ တန်တိုင်းအလယ်၌ ထားနှင့်သော ထိုပလ္လင်ပေါ်သို့ တက်ပြီးလျှင်၊ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၊ ဣသရေလ အမျိုးပရိသတ်အပေါင်းတို့ အလယ်မှာဒူးထောက်၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊

  3. အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာကိုယ်တော်နှင့် တူသောဘုရားတဆူမျှ မရှိပါ။ ရှေ့တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့်သောကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက် တော်မူပြီ။

  4. အကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိ တော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ။

  5. ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသော ကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီး လက်မှ လွတ်သွားကြပြီ။

  6. ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီး သူရဲများနှင့်တကွ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။

  7. ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။

  8. ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက် ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။

  9. အိုထာဝရ အရှင်ဘုရားသခင်၊ ကိုယ် တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှ ခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ၏။

  10. ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့ သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည် အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။

  11. တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။

  12. တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှား ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ၏။

  13. နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော် ၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သော ကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။

  14. သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာ တော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး တော်မမူ။ စွန့်ပစ်တော်မမူ။

  15. ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။

  16. ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။

  17. မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။

  18. ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။

  19. ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။

  20. ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။

  21. ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။

  22. ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။

  23. ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။

  24. အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။

  25. ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။