အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားဟောရာကျမ်း 21:8ခရစ်တော် မပေါ်မီ 1451 ခန့်

    အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။

  2. တရားဟောရာကျမ်း 21:9ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။

  3. တရားဟောရာကျမ်း 21:10ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊

  4. တရားဟောရာကျမ်း 21:11ခရစ်တော် မပေါ်မီ 1451 ခန့်

    ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊

  5. တရားဟောရာကျမ်း 21:12ခရစ်တော် မပေါ်မီ 1451 ခန့်

    သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊

  6. တရားဟောရာကျမ်း 21:13ခရစ်တော် မပေါ်မီ 1451 ခန့်

    ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။

  7. တရားဟောရာကျမ်း 21:14ခရစ်တော် မပေါ်မီ 1451 ခန့်

    နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။

  8. တရားဟောရာကျမ်း 21:15ခရစ်တော် မပေါ်မီ 1451 ခန့်

    လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊

  9. တရားဟောရာကျမ်း 21:16ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။

  10. တရားဟောရာကျမ်း 21:17ခရစ်တော် မပေါ်မီ 1451 ခန့်

    မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။

  11. တရားဟောရာကျမ်း 21:18ခရစ်တော် မပေါ်မီ 1451 ခန့်

    အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊

  12. တရားဟောရာကျမ်း 21:19ခရစ်တော် မပေါ်မီ 1451 ခန့်

    မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊

  13. တရားဟောရာကျမ်း 21:20ခရစ်တော် မပေါ်မီ 1451 ခန့်

    အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။

  14. တရားဟောရာကျမ်း 21:21ခရစ်တော် မပေါ်မီ 1451 ခန့်

    မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။

  15. တရားဟောရာကျမ်း 21:22ခရစ်တော် မပေါ်မီ 1451 ခန့်

    သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊

  16. တရားဟောရာကျမ်း 21:23ခရစ်တော် မပေါ်မီ 1451 ခန့်

    အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။

  17. တရားဟောရာကျမ်း 22:1ခရစ်တော် မပေါ်မီ 1451 ခန့်

    သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။

  18. တရားဟောရာကျမ်း 22:2ခရစ်တော် မပေါ်မီ 1451 ခန့်

    ညီအစ်ကို ဝေးသော်၎င်း၊ သူ့ကို မသိသော်၎င်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကို သည်မရှာ၊ သူ၌ မအပ်မှီတိုင်အောင် ကိုယ်အိမ်၌ ထားရ မည်။

  19. တရားဟောရာကျမ်း 22:3ခရစ်တော် မပေါ်မီ 1451 ခန့်

    မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစုံတခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူ ပြုရမည်။

  20. တရားဟောရာကျမ်း 22:4ခရစ်တော် မပေါ်မီ 1451 ခန့်

    ညီအစ်ကို မြည်းနွားသည် လမ်း၌ လဲလျက်ရှိ သည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။

  21. တရားဟောရာကျမ်း 22:5ခရစ်တော် မပေါ်မီ 1451 ခန့်

    မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရ ဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။

  22. တရားဟောရာကျမ်း 22:6ခရစ်တော် မပေါ်မီ 1451 ခန့်

    သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မ သည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။

  23. တရားဟောရာကျမ်း 22:7ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကို လွှတ်လိုက်ရမည်။

  24. တရားဟောရာကျမ်း 22:8ခရစ်တော် မပေါ်မီ 1451 ခန့်

    လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သော အပြစ်မရောက်မည်အကြောင်း၊ အိမ်အသစ် ကို ဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအ တားကို လုပ်ရမည်။

  25. တရားဟောရာကျမ်း 22:9ခရစ်တော် မပေါ်မီ 1451 ခန့်

    စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင် အသီး နှစ်ပါးစလုံး ပျက်လိမ့်မည်။