circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်မဿဲခရစ်ဝင် 26:66ခရစ်နှစ် 33 ခန့်
အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန် ၍ စီရင်ကြ၏။
- ရှင်မဿဲခရစ်ဝင် 26:67ခရစ်နှစ် 33 ခန့်
ထိုအခါ မျက်နှာတော်ကို တံထွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။
- ရှင်မဿဲခရစ်ဝင် 26:68ခရစ်နှစ် 33 ခန့်
အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ် သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။
- ရှင်မဿဲခရစ်ဝင် 26:69ခရစ်နှစ် 33 ခန့်
ပေတရုသည် ပြင်မှာအိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါး မိန်းမတယောက်သည် သူရှိရာသို့လာ၍ သင် သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းတော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
- ရှင်မဿဲခရစ်ဝင် 26:70ခရစ်နှစ် 33 ခန့်
ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။
- ရှင်မဿဲခရစ်ဝင် 26:71ခရစ်နှစ် 33 ခန့်
ထို့နောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှု နှင့်ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
- ရှင်မဿဲခရစ်ဝင် 26:72ခရစ်နှစ် 33 ခန့်
ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တဖန်ငြင်းခုံပြန်၏။
- ရှင်မဿဲခရစ်ဝင် 26:73ခရစ်နှစ် 33 ခန့်
ထို့နောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင်ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊
- ရှင်မဿဲခရစ်ဝင် 26:74ခရစ်နှစ် 33 ခန့်
ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
- ရှင်မဿဲခရစ်ဝင် 26:75ခရစ်နှစ် 33 ခန့်
ယေရှုက၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ သော စကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
- ရှင်မဿဲခရစ်ဝင် 27:1ခရစ်နှစ် 33 ခန့်
နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူအပေါင်း တို့သည် ယေရှုကို သတ်အံ့သောငှါ တိုင်ပင်၍၊
- ရှင်မဿဲခရစ်ဝင် 27:2ခရစ်နှစ် 33 ခန့်
ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။
- ရှင်မဿဲခရစ်ဝင် 27:3ခရစ်နှစ် 33 ခန့်
ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊
- ရှင်မဿဲခရစ်ဝင် 27:4ခရစ်နှစ် 33 ခန့်
အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကိုအပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊
- ရှင်မဿဲခရစ်ဝင် 27:5ခရစ်နှစ် 33 ခန့်
သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။
- ရှင်မဿဲခရစ်ဝင် 27:6ခရစ်နှစ် 33 ခန့်
ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကို ယူ၍ အသွေး၏အဘိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊
- ရှင်မဿဲခရစ်ဝင် 27:7ခရစ်နှစ် 33 ခန့်
တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တပါးအမျိုးသားတို့၏သင်္ချိုင်းဖြစ်စေဘို့ရာ ထိုငွေနှင့် ဝယ်ကြ၏။
- ရှင်မဿဲခရစ်ဝင် 27:8ခရစ်နှစ် 33 ခန့်
ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။
- ရှင်မဿဲခရစ်ဝင် 27:9ခရစ်နှစ် 33 ခန့်
ပရောဖက်ယေရမိဟောသည်ကား၊ ဣသရေလလူတို့သည် အဘိုးပြက်သောသူ၏ ကိုယ်ဘိုးငွေသုံး ဆယ်ကို သူတို့သည် ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊
- ရှင်မဿဲခရစ်ဝင် 27:10ခရစ်နှစ် 33 ခန့်
အိုးထိန်းသမား၏မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည်ထိုအခါပြည့်စုံခြင်းသို့ ရောက်လေ၏။
- ရှင်မဿဲခရစ်ဝင် 27:11ခရစ်နှစ် 33 ခန့်
ယေရှုသည် မြို့ဝန်မင်းရှေ့သို့ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 27:12ခရစ်နှစ် 33 ခန့်
ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တခွန်းကိုမျှ ပြန်တော်မမူ၊
- ရှင်မဿဲခရစ်ဝင် 27:13ခရစ်နှစ် 33 ခန့်
ပိလတ်မင်းကလည်း၊ သင့်တဘက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊
- ရှင်မဿဲခရစ်ဝင် 27:14ခရစ်နှစ် 33 ခန့်
စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံဩလေ၏။
- ရှင်မဿဲခရစ်ဝင် 27:15ခရစ်နှစ် 33 ခန့်
ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူတယောက်ယောက် ကို လွှတ်မြဲထုံးစံရှိ၏။