အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယောဟန်ခရစ်ဝင် 15:21ခရစ်နှစ် 33 ခန့်

    ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထို အမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။

  2. ရှင်ယောဟန်ခရစ်ဝင် 15:22ခရစ်နှစ် 33 ခန့်

    ငါသည် လာ၍ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက် ၍ မထားနိုင်ကြ။

  3. ရှင်ယောဟန်ခရစ်ဝင် 15:23ခရစ်နှစ် 33 ခန့်

    ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။

  4. ရှင်ယောဟန်ခရစ်ဝင် 15:24ခရစ်နှစ် 33 ခန့်

    ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ငါ့ခမည်းတော်ကိုမုန်းကြ၏။

  5. ရှင်ယောဟန်ခရစ်ဝင် 15:25ခရစ်နှစ် 33 ခန့်

    သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။

  6. ရှင်ယောဟန်ခရစ်ဝင် 15:26ခရစ်နှစ် 33 ခန့်

    ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံ လိမ့်မည်။

  7. ရှင်ယောဟန်ခရစ်ဝင် 15:27ခရစ်နှစ် 33 ခန့်

    သင်တို့သည်လည်း ရှေးဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။

  8. ရှင်ယောဟန်ခရစ်ဝင် 16:1ခရစ်နှစ် 33 ခန့်

    သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော၏။

  9. ရှင်ယောဟန်ခရစ်ဝင် 16:2ခရစ်နှစ် 33 ခန့်

    လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူ မည်သည် ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်။

  10. ရှင်ယောဟန်ခရစ်ဝင် 16:3ခရစ်နှစ် 33 ခန့်

    ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။

  11. ရှင်ယောဟန်ခရစ်ဝင် 16:4ခရစ်နှစ် 33 ခန့်

    ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှါ ယခုပင် ငါဟောပြော၏။အစဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး။

  12. ရှင်ယောဟန်ခရစ်ဝင် 16:5ခရစ်နှစ် 33 ခန့်

    ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။

  13. ရှင်ယောဟန်ခရစ်ဝင် 16:6ခရစ်နှစ် 33 ခန့်

    ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ၏။

  14. ရှင်ယောဟန်ခရစ်ဝင် 16:7ခရစ်နှစ် 33 ခန့်

    ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။

  15. ရှင်ယောဟန်ခရစ်ဝင် 16:8ခရစ်နှစ် 33 ခန့်

    ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။

  16. ရှင်ယောဟန်ခရစ်ဝင် 16:9ခရစ်နှစ် 33 ခန့်

    ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။

  17. ရှင်ယောဟန်ခရစ်ဝင် 16:10ခရစ်နှစ် 33 ခန့်

    ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသော ကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။

  18. ရှင်ယောဟန်ခရစ်ဝင် 16:11ခရစ်နှစ် 33 ခန့်

    ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။

  19. ရှင်ယောဟန်ခရစ်ဝင် 16:12ခရစ်နှစ် 33 ခန့်

    သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။

  20. ရှင်ယောဟန်ခရစ်ဝင် 16:13ခရစ်နှစ် 33 ခန့်

    သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

  21. ရှင်ယောဟန်ခရစ်ဝင် 16:14ခရစ်နှစ် 33 ခန့်

    ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။

  22. ရှင်ယောဟန်ခရစ်ဝင် 16:15ခရစ်နှစ် 33 ခန့်

    ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။

  23. ရှင်ယောဟန်ခရစ်ဝင် 16:16ခရစ်နှစ် 33 ခန့်

    ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်း မူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။

  24. ရှင်ယောဟန်ခရစ်ဝင် 16:17ခရစ်နှစ် 33 ခန့်

    တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော် မူသောစကားသည် အဘယ်သို့နည်း။

  25. ရှင်ယောဟန်ခရစ်ဝင် 16:18ခရစ်နှစ် 33 ခန့်

    ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။