circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်ယောဟန်ခရစ်ဝင် 7:42ခရစ်နှစ် 33 ခန့်
ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ် လောဟု ဆိုကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 7:43ခရစ်နှစ် 33 ခန့်
ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ အလို ရှိကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 7:44ခရစ်နှစ် 33 ခန့်
သို့သော်လည်း အဘယ်သူမျှမဘမ်းမဆီးကြ။
- ရှင်ယောဟန်ခရစ်ဝင် 7:45ခရစ်နှစ် 33 ခန့်
ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး၊ ဖာရိရှဲထံသို့ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊
- ရှင်ယောဟန်ခရစ်ဝင် 7:46ခရစ်နှစ် 33 ခန့်
မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါဟု လျှောက်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 7:47ခရစ်နှစ် 33 ခန့်
ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖြားပြီလော။
- ရှင်ယောဟန်ခရစ်ဝင် 7:48ခရစ်နှစ် 33 ခန့်
မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစုံတယောက်မျှရှိသလော။
- ရှင်ယောဟန်ခရစ်ဝင် 7:49ခရစ်နှစ် 33 ခန့်
တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟုဆိုကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 7:50ခရစ်နှစ် 33 ခန့်
အထက်ကညဉ့်အခါ၌ အထံတော်သို့လာသော သူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင် ကလည်း၊
- ရှင်ယောဟန်ခရစ်ဝင် 7:51ခရစ်နှစ် 33 ခန့်
ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမှီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟုဆိုလျှင်၊
- ရှင်ယောဟန်ခရစ်ဝင် 7:52ခရစ်နှစ် 33 ခန့်
သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ် ပရောဖက်မျှမပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ၊
- ရှင်ယောဟန်ခရစ်ဝင် 7:53ခရစ်နှစ် 33 ခန့်
ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့သွားကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 8:1ခရစ်နှစ် 33 ခန့်
ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော် မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 8:2ခရစ်နှစ် 33 ခန့်
နံနက်စောစောဗိမာန်တော်သို့ တဖန်ကြွတော် မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊
- ရှင်ယောဟန်ခရစ်ဝင် 8:3ခရစ်နှစ် 33 ခန့်
မှားယွင်းခြင်းအမှုကို ပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့ သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊
- ရှင်ယောဟန်ခရစ်ဝင် 8:4ခရစ်နှစ် 33 ခန့်
အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။
- ရှင်ယောဟန်ခရစ်ဝင် 8:5ခရစ်နှစ် 33 ခန့်
ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 8:6ခရစ်နှစ် 33 ခန့်
ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ၊ စုံစမ်းနှောက်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 8:7ခရစ်နှစ် 33 ခန့်
ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊
- ရှင်ယောဟန်ခရစ်ဝင် 8:8ခရစ်နှစ် 33 ခန့်
တဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊
- ရှင်ယောဟန်ခရစ်ဝင် 8:9ခရစ်နှစ် 33 ခန့်
ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှ စ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည်အလယ်၌ရပ်နေ၏။
- ရှင်ယောဟန်ခရစ်ဝင် 8:10ခရစ်နှစ် 33 ခန့်
ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 8:11ခရစ်နှစ် 33 ခန့်
ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 8:12ခရစ်နှစ် 33 ခန့်
တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 8:13ခရစ်နှစ် 33 ခန့်
ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။