အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယောဟန်ခရစ်ဝင် 6:63ခရစ်နှစ် 32 ခန့်

    ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်မတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။

  2. ရှင်ယောဟန်ခရစ်ဝင် 6:64ခရစ်နှစ် 32 ခန့်

    သို့သော်လည်းသင်တို့တွင် မယုံကြည်သောသူတချို့ရှိ၏။

  3. ရှင်ယောဟန်ခရစ်ဝင် 6:65ခရစ်နှစ် 32 ခန့်

    ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါထံသို့မလာနိုင်ဟု အထက် ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို၎င်း၊ ယေရှုသည်အစအဦး၌ သိတော်မူ၏။

  4. ရှင်ယောဟန်ခရစ်ဝင် 6:66ခရစ်နှစ် 32 ခန့်

    ထိုအခါမှစ၍ တပည့်တော်များတို့သည် ကိုယ်တော်နှင့်မပေါင်းဘော်ဘဲ ဆုတ်သွားကြ၏။

  5. ရှင်ယောဟန်ခရစ်ဝင် 6:67ခရစ်နှစ် 32 ခန့်

    ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိ ကြသလောဟုမေးတော်မူလျှင်၊

  6. ရှင်ယောဟန်ခရစ်ဝင် 6:68ခရစ်နှစ် 32 ခန့်

    ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။

  7. ရှင်ယောဟန်ခရစ်ဝင် 6:69ခရစ်နှစ် 32 ခန့်

    ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ် တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည် သိမှတ်ကြပါသည်ဟုလျှောက်လေ၏။

  8. ရှင်ယောဟန်ခရစ်ဝင် 6:70ခရစ်နှစ် 32 ခန့်

    ယေရှုကလည်း၊ တကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူတယောက်ပါမည်ဟု မိန့်တော်မူ၏။

  9. ရှင်ယောဟန်ခရစ်ဝင် 6:71ခရစ်နှစ် 32 ခန့်

    ထိုသို့မိန့်တော်မူသော်၊ ထကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်ကိုဆိုလိုသတည်း။

  10. ရှင်ယောဟန်ခရစ်ဝင် 7:1ခရစ်နှစ် 33 ခန့်

    ထိုနောက်မှယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့ သောငှါ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော်မရှိ။

  11. ရှင်ယောဟန်ခရစ်ဝင် 7:2ခရစ်နှစ် 33 ခန့်

    ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊

  12. ရှင်ယောဟန်ခရစ်ဝင် 7:3ခရစ်နှစ် 33 ခန့်

    ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည်မြင်စေခြင်းငှါ ဤအရပ်မှထွက်၍ ယုဒပြည် သို့ကြွပါ။

  13. ရှင်ယောဟန်ခရစ်ဝင် 7:4ခရစ်နှစ် 33 ခန့်

    ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြု တတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်။ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊

  14. ရှင်ယောဟန်ခရစ်ဝင် 7:5ခရစ်နှစ် 33 ခန့်

    မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။

  15. ရှင်ယောဟန်ခရစ်ဝင် 7:6ခရစ်နှစ် 33 ခန့်

    ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး။ သင်တို့ကို ခပ်သိမ်းသောအချိန်သင့်လျက်ရှိ၏။

  16. ရှင်ယောဟန်ခရစ်ဝင် 7:7ခရစ်နှစ် 33 ခန့်

    လောကီသားတို့သည် သင်တို့ကိုမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည်သူတို့၏အကျင့် ဆိုးညစ်ကြောင်းကို သက်သေခံ၏။

  17. ရှင်ယောဟန်ခရစ်ဝင် 7:8ခရစ်နှစ် 33 ခန့်

    ထိုပွဲသို့သင်တို့သွားကြလော့။

  18. ရှင်ယောဟန်ခရစ်ဝင် 7:9ခရစ်နှစ် 33 ခန့်

    ငါမသွားသေး။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာနေတော်မူ၏။

  19. ရှင်ယောဟန်ခရစ်ဝင် 7:10ခရစ်နှစ် 33 ခန့်

    ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။

  20. ရှင်ယောဟန်ခရစ်ဝင် 7:11ခရစ်နှစ် 33 ခန့်

    ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။

  21. ရှင်ယောဟန်ခရစ်ဝင် 7:12ခရစ်နှစ် 33 ခန့်

    လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူ သည်သူတော်ကောင်းဖြစ်သည်ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖျားသည်ဟူ၍ ၎င်း ဆိုကြ၏။

  22. ရှင်ယောဟန်ခရစ်ဝင် 7:13ခရစ်နှစ် 33 ခန့်

    သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။

  23. ရှင်ယောဟန်ခရစ်ဝင် 7:14ခရစ်နှစ် 33 ခန့်

    ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒပေးတော်မူ၏၊

  24. ရှင်ယောဟန်ခရစ်ဝင် 7:15ခရစ်နှစ် 33 ခန့်

    ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ၏။

  25. ရှင်ယောဟန်ခရစ်ဝင် 7:16ခရစ်နှစ် 33 ခန့်

    ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ ဒေသနာဖြစ်၏။