အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယောဟန်ခရစ်ဝင် 6:38ခရစ်နှစ် 32 ခန့်

    အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။

  2. ရှင်ယောဟန်ခရစ်ဝင် 6:39ခရစ်နှစ် 32 ခန့်

    ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက် ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊

  3. ရှင်ယောဟန်ခရစ်ဝင် 6:40ခရစ်နှစ် 32 ခန့်

    သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ၎င်း အလို တော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။

  4. ရှင်ယောဟန်ခရစ်ဝင် 6:41ခရစ်နှစ် 32 ခန့်

    ငါသည်ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊

  5. ရှင်ယောဟန်ခရစ်ဝင် 6:42ခရစ်နှစ် 32 ခန့်

    ဤသူသည် ယောသပ်၏သား ယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိဘကိုငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။

  6. ရှင်ယောဟန်ခရစ်ဝင် 6:43ခရစ်နှစ် 32 ခန့်

    ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။

  7. ရှင်ယောဟန်ခရစ်ဝင် 6:44ခရစ်နှစ် 32 ခန့်

    ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာ နိုင်။ လာသောသူကိုနောက်ဆုံသောနေ့၌ ငါထမြောက်စေမည်။

  8. ရှင်ယောဟန်ခရစ်ဝင် 6:45ခရစ်နှစ် 32 ခန့်

    အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။

  9. ရှင်ယောဟန်ခရစ်ဝင် 6:46ခရစ်နှစ် 32 ခန့်

    ထိုသို့ငါဆိုသော၊ ဘရားသခင့်အထံတော်က ကြွလာသောသူမှတပါး တစုံတယောက်တယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။

  10. ရှင်ယောဟန်ခရစ်ဝင် 6:47ခရစ်နှစ် 32 ခန့်

    ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။

  11. ရှင်ယောဟန်ခရစ်ဝင် 6:48ခရစ်နှစ် 32 ခန့်

    ငါသည်အသက်မုန့်ဖြစ်၏။

  12. ရှင်ယောဟန်ခရစ်ဝင် 6:49ခရစ်နှစ် 32 ခန့်

    သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။

  13. ရှင်ယောဟန်ခရစ်ဝင် 6:50ခရစ်နှစ် 32 ခန့်

    ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။

  14. ရှင်ယောဟန်ခရစ်ဝင် 6:51ခရစ်နှစ် 32 ခန့်

    ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။

  15. ရှင်ယောဟန်ခရစ်ဝင် 6:52ခရစ်နှစ် 32 ခန့်

    ထိုအခါ ယုဒလူတို့က၊ ဤသူသည်မိမိအသားကို ငါတို့စားစရာဘို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။

  16. ရှင်ယောဟန်ခရစ်ဝင် 6:53ခရစ်နှစ် 32 ခန့်

    ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူ၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင် တို့၌ အသက်မရှိ။

  17. ရှင်ယောဟန်ခရစ်ဝင် 6:54ခရစ်နှစ် 32 ခန့်

    ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။

  18. ရှင်ယောဟန်ခရစ်ဝင် 6:55ခရစ်နှစ် 32 ခန့်

    ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏ အသွေးလည်းသောက်စရာကောင်း၏။

  19. ရှင်ယောဟန်ခရစ်ဝင် 6:56ခရစ်နှစ် 32 ခန့်

    ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။

  20. ရှင်ယောဟန်ခရစ်ဝင် 6:57ခရစ်နှစ် 32 ခန့်

    အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။

  21. ရှင်ယောဟန်ခရစ်ဝင် 6:58ခရစ်နှစ် 32 ခန့်

    ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု၊

  22. ရှင်ယောဟန်ခရစ်ဝင် 6:59ခရစ်နှစ် 32 ခန့်

    ကပေရနောင်မြို့မှာရားစရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။

  23. ရှင်ယောဟန်ခရစ်ဝင် 6:60ခရစ်နှစ် 32 ခန့်

    တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနာခံနိုင်မည် နည်းဟု ဆိုကြ၏။

  24. ရှင်ယောဟန်ခရစ်ဝင် 6:61ခရစ်နှစ် 32 ခန့်

    ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင်၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့။

  25. ရှင်ယောဟန်ခရစ်ဝင် 6:62ခရစ်နှစ် 32 ခန့်

    လူသားသည်အရင်နေရာအရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည် နည်း။