အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယောဟန်ခရစ်ဝင် 5:35ခရစ်နှစ် 31 ခန့်

    ယောဟန်သည်ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော် ခြင်းငှါ အလိုရှိကြ၏။

  2. ရှင်ယောဟန်ခရစ်ဝင် 5:36ခရစ်နှစ် 31 ခန့်

    ယောဟန်၏သက်သေထက်သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီး စေ ခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။

  3. ရှင်ယောဟန်ခရစ်ဝင် 5:37ခရစ်နှစ် 31 ခန့်

    ခမည်းတော်သည်လည်းငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့ သည် မကြား၊ သဏ္ဍာန်တော်ကိုမမြင်၊

  4. ရှင်ယောဟန်ခရစ်ဝင် 5:38ခရစ်နှစ် 31 ခန့်

    နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့ သည် မယုံကြည်ဘဲနေကြ၏။

  5. ရှင်ယောဟန်ခရစ်ဝင် 5:39ခရစ်နှစ် 31 ခန့်

    ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။

  6. ရှင်ယောဟန်ခရစ်ဝင် 5:40ခရစ်နှစ် 31 ခန့်

    သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ၊

  7. ရှင်ယောဟန်ခရစ်ဝင် 5:41ခရစ်နှစ် 31 ခန့်

    လူပေးသောဘုန်းအသရေကို ငါမခံ။

  8. ရှင်ယောဟန်ခရစ်ဝင် 5:42ခရစ်နှစ် 31 ခန့်

    သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။

  9. ရှင်ယောဟန်ခရစ်ဝင် 5:43ခရစ်နှစ် 31 ခန့်

    ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသော သူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။

  10. ရှင်ယောဟန်ခရစ်ဝင် 5:44ခရစ်နှစ် 31 ခန့်

    အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။

  11. ရှင်ယောဟန်ခရစ်ဝင် 5:45ခရစ်နှစ် 31 ခန့်

    ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သော သူတပါးရှိသေး၏။ ထိုသူကား သင်တို့ကို ကိုးစားသော မောရှေပေတည်း။

  12. ရှင်ယောဟန်ခရစ်ဝင် 5:46ခရစ်နှစ် 31 ခန့်

    သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေ သည် ငါ့အကြောင်းကို ရေးထား၏။

  13. ရှင်ယောဟန်ခရစ်ဝင် 5:47ခရစ်နှစ် 31 ခန့်

    သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါစကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့ အား မိန့်တော်မူ၏။

  14. ရှင်ယောဟန်ခရစ်ဝင် 6:1ခရစ်နှစ် 32 ခန့်

    ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။

  15. ရှင်ယောဟန်ခရစ်ဝင် 6:2ခရစ်နှစ် 32 ခန့်

    အနာရောဂါစွဲသောသူတို့၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။

  16. ရှင်ယောဟန်ခရစ်ဝင် 6:3ခရစ်နှစ် 32 ခန့်

    ယေရှုသည်တောင်ပေါ်သို့ တတ်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။

  17. ရှင်ယောဟန်ခရစ်ဝင် 6:4ခရစ်နှစ် 32 ခန့်

    ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။

  18. ရှင်ယောဟန်ခရစ်ဝင် 6:5ခရစ်နှစ် 32 ခန့်

    ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော် မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ၏။

  19. ရှင်ယောဟန်ခရစ်ဝင် 6:6ခရစ်နှစ် 32 ခန့်

    ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ၏။

  20. ရှင်ယောဟန်ခရစ်ဝင် 6:7ခရစ်နှစ် 32 ခန့်

    ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့် မ လောက်ပါဟုလျှောက်၏။

  21. ရှင်ယောဟန်ခရစ်ဝင် 6:8ခရစ်နှစ် 32 ခန့်

    ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊

  22. ရှင်ယောဟန်ခရစ်ဝင် 6:9ခရစ်နှစ် 32 ခန့်

    မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှ လောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။

  23. ရှင်ယောဟန်ခရစ်ဝင် 6:10ခရစ်နှစ် 32 ခန့်

    ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။

  24. ရှင်ယောဟန်ခရစ်ဝင် 6:11ခရစ်နှစ် 32 ခန့်

    ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့် တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ၏။

  25. ရှင်ယောဟန်ခရစ်ဝင် 6:12ခရစ်နှစ် 32 ခန့်

    ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊