အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယောဟန်ခရစ်ဝင် 4:39ခရစ်နှစ် 30 ခန့်

    ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။

  2. ရှင်ယောဟန်ခရစ်ဝင် 4:40ခရစ်နှစ် 30 ခန့်

    ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌နေတော်မူမည်ကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။

  3. ရှင်ယောဟန်ခရစ်ဝင် 4:41ခရစ်နှစ် 30 ခန့်

    အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊

  4. ရှင်ယောဟန်ခရစ်ဝင် 4:42ခရစ်နှစ် 30 ခန့်

    ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော် ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။

  5. ရှင်ယောဟန်ခရစ်ဝင် 4:43ခရစ်နှစ် 30 ခန့်

    နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။

  6. ရှင်ယောဟန်ခရစ်ဝင် 4:44ခရစ်နှစ် 30 ခန့်

    အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။

  7. ရှင်ယောဟန်ခရစ်ဝင် 4:45ခရစ်နှစ် 30 ခန့်

    ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။

  8. ရှင်ယောဟန်ခရစ်ဝင် 4:46ခရစ်နှစ် 30 ခန့်

    ရေကိုစပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။

  9. ရှင်ယောဟန်ခရစ်ဝင် 4:47ခရစ်နှစ် 30 ခန့်

    ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။

  10. ရှင်ယောဟန်ခရစ်ဝင် 4:48ခရစ်နှစ် 30 ခန့်

    ယေရှုကလည်း၊ သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊

  11. ရှင်ယောဟန်ခရစ်ဝင် 4:49ခရစ်နှစ် 30 ခန့်

    သခင်၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။

  12. ရှင်ယောဟန်ခရစ်ဝင် 4:50ခရစ်နှစ် 30 ခန့်

    ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။

  13. ရှင်ယောဟန်ခရစ်ဝင် 4:51ခရစ်နှစ် 30 ခန့်

    လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။

  14. ရှင်ယောဟန်ခရစ်ဝင် 4:52ခရစ်နှစ် 30 ခန့်

    အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ၏။

  15. ရှင်ယောဟန်ခရစ်ဝင် 4:53ခရစ်နှစ် 30 ခန့်

    ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။

  16. ရှင်ယောဟန်ခရစ်ဝင် 4:54ခရစ်နှစ် 30 ခန့်

    ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်သတည်း။

  17. ရှင်ယောဟန်ခရစ်ဝင် 5:1ခရစ်နှစ် 31 ခန့်

    ထိုနောက်မှယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။

  18. ရှင်ယောဟန်ခရစ်ဝင် 5:2ခရစ်နှစ် 31 ခန့်

    ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။

  19. ရှင်ယောဟန်ခရစ်ဝင် 5:3ခရစ်နှစ် 31 ခန့်

    ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူ များအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။

  20. ရှင်ယောဟန်ခရစ်ဝင် 5:4ခရစ်နှစ် 31 ခန့်

    အကြောင်းမူကား၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှား တတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေးဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်း လွတ်ခြင်းသို့ ရောက်တတ်၏။

  21. ရှင်ယောဟန်ခရစ်ဝင် 5:5ခရစ်နှစ် 31 ခန့်

    ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ၏။

  22. ရှင်ယောဟန်ခရစ်ဝင် 5:6ခရစ်နှစ် 31 ခန့်

    ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။

  23. ရှင်ယောဟန်ခရစ်ဝင် 5:7ခရစ်နှစ် 31 ခန့်

    နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။

  24. ရှင်ယောဟန်ခရစ်ဝင် 5:8ခရစ်နှစ် 31 ခန့်

    ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊

  25. ရှင်ယောဟန်ခရစ်ဝင် 5:9ခရစ်နှစ် 31 ခန့်

    ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။