- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ဟေရှာယအနာဂတ္တိကျမ်း 47:6ခရစ်တော် မပေါ်မီ 712 ခန့်
ငါသည် ငါ၏လူတို့ကို အမျက်ထွက်သော ကြောင့်၊ ငါ၏ အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက် ၏။ သင်သည် သနားသော စိတ်မရှိ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသော ထမ်းဘိုးကို တင်လေပြီ။
- ဟေရှာယအနာဂတ္တိကျမ်း 47:7ခရစ်တော် မပေါ်မီ 712 ခန့်
သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ် အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတံ့သော အမှုကို မအောက်မေ့။
- ဟေရှာယအနာဂတ္တိကျမ်း 47:8ခရစ်တော် မပေါ်မီ 712 ခန့်
ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောက ကင်းလွတ်လျက်နေသော သူ၊ ငါရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင် လော့။
- ဟေရှာယအနာဂတ္တိကျမ်း 47:9ခရစ်တော် မပေါ်မီ 712 ခန့်
သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 47:10ခရစ်တော် မပေါ်မီ 712 ခန့်
သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစား ပြီ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ။ သင့်ဉာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည် ဖြစ်၍၊ သင်က ငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။
- ဟေရှာယအနာဂတ္တိကျမ်း 47:11ခရစ်တော် မပေါ်မီ 712 ခန့်
ထို့ကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင် သော အပြစ်ဒဏ်နှင့်၎င်း၊ မမြော်လင့်နိုင်အောင် ချက် ခြင်း ဖျက်ဆီးခြင်းနှင့်၎င်း တွေ့ကြုံရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 47:12ခရစ်တော် မပေါ်မီ 712 ခန့်
သင်သည် ငယ်သော အရွယ်မှစ၍၊ ကြိုးစား အားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသော အတတ်အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုး ကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့် မည်။
- ဟေရှာယအနာဂတ္တိကျမ်း 47:13ခရစ်တော် မပေါ်မီ 712 ခန့်
သင်သည် များပြားသော တိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ။ မိုဃ်းကောင်းကင်ကို ကြည့်ရှုသော သူ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ၊ သင်၌ဖြစ်လတံ့သော အမှုကို၊ လ၏အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည် ထ၍ သင့်ကို ယခု ကယ်တင်ကြစေ။
- ဟေရှာယအနာဂတ္တိကျမ်း 47:14ခရစ်တော် မပေါ်မီ 712 ခန့်
သူတို့သည် အမှိုက်ကဲ့သို့ဖြစ်၍ မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ မီးအရှိန်မှ မိမိတို့ကို မကယ်မနှုတ်ရကြ။ နွေးစရာဘို့ မီးတခဲမျှ၊ လှုံစရာဘို့ မီးအလျှင်းမျှ မကျန်ရစ် ရ။
- ဟေရှာယအနာဂတ္တိကျမ်း 47:15ခရစ်တော် မပေါ်မီ 712 ခန့်
သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သော သူ၊ သင်ငယ်သော အရွယ်မှစ၍ သင်နှင့် ဖောက်ကားရောင်း ဝယ်သောသူတို့သည် သင်၌ ထိုသို့ ဖြစ်ကြ၍၊ ကိုယ်စီ ကိုယ်စီ မိမိနေရာအရပ်သို့ လွှဲသွားသဖြင့်၊ သင့်ကို ကယ်တင်သောသူတစုံတယောက်မျှ မရှိရ။
- ဟေရှာယအနာဂတ္တိကျမ်း 48:1ခရစ်တော် မပေါ်မီ 712 ခန့်
အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်း ကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရား သခင်ကို ချီးမွမ်းသောသူ၊
- ဟေရှာယအနာဂတ္တိကျမ်း 48:2ခရစ်တော် မပေါ်မီ 712 ခန့်
သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့၊ နားထောင်ကြလော့။
- ဟေရှာယအနာဂတ္တိကျမ်း 48:3ခရစ်တော် မပေါ်မီ 712 ခန့်
ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့ အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။
- ဟေရှာယအနာဂတ္တိကျမ်း 48:4ခရစ်တော် မပေါ်မီ 712 ခန့်
သင်သည် ခိုင်မာသော သဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့်၊
- ဟေရှာယအနာဂတ္တိကျမ်း 48:5ခရစ်တော် မပေါ်မီ 712 ခန့်
အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ။ သို့ဖြစ်၍ သင်က ၊ ငါ၏ရုပ်တုသည် ဤအမှု ကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသော အခွင့်မရှိ။
- ဟေရှာယအနာဂတ္တိကျမ်း 48:6ခရစ်တော် မပေါ်မီ 712 ခန့်
သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ ကို ကြည့်ရှုလော့။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထား သောအရာ၊ သင်မသိသေးသော အရာတို့ကို ငါဘော်ပြ ၏။
- ဟေရှာယအနာဂတ္တိကျမ်း 48:7ခရစ်တော် မပေါ်မီ 712 ခန့်
ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်က ဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး။ သို့ဖြစ်၍ သင်က ၊ ငါသိနှင့်ပြီဟု ပြောရသော အခွင့်မရှိ။
- ဟေရှာယအနာဂတ္တိကျမ်း 48:8ခရစ်တော် မပေါ်မီ 712 ခန့်
အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏ နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဘွားစကပင် သင့်ကို သူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။
- ဟေရှာယအနာဂတ္တိကျမ်း 48:9ခရစ်တော် မပေါ်မီ 712 ခန့်
သို့သော်လည်း၊ သင့်ကို ရှင်းရှင်း မပယ်မဖြတ် ခြင်းငှါ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ် တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ ငါသည်းခံမည်။
- ဟေရှာယအနာဂတ္တိကျမ်း 48:10ခရစ်တော် မပေါ်မီ 712 ခန့်
ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။
- ဟေရှာယအနာဂတ္တိကျမ်း 48:11ခရစ်တော် မပေါ်မီ 712 ခန့်
ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုပ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ် အသရေကို သတပါးအား ငါမပေး။
- ဟေရှာယအနာဂတ္တိကျမ်း 48:12ခရစ်တော် မပေါ်မီ 712 ခန့်
အိုယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကား ကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။
- ဟေရှာယအနာဂတ္တိကျမ်း 48:13ခရစ်တော် မပေါ်မီ 712 ခန့်
အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက် လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 48:14ခရစ်တော် မပေါ်မီ 712 ခန့်
ရှိသမျှသော သင်တို့၊ စည်းဝေး၍ နားထောင် ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသော သူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံ စေမည်။ သူ၏ လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 48:15ခရစ်တော် မပေါ်မီ 712 ခန့်
ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။