အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 25:12ခရစ်တော် မပေါ်မီ 712 ခန့်

    သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို၍၊ မြေတိုင် အောင် နှိမ့်သဖြင့်၊မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။

  2. ဟေရှာယအနာဂတ္တိကျမ်း 26:1ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစ ကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သော မြို့ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူ လိမ့်မည်။

  3. ဟေရှာယအနာဂတ္တိကျမ်း 26:2ခရစ်တော် မပေါ်မီ 712 ခန့်

    တံခါးတို့ကို ဖွင့်ကြလော့။

  4. ဟေရှာယအနာဂတ္တိကျမ်း 26:3ခရစ်တော် မပေါ်မီ 712 ခန့်

    သစ္စာစောင့်၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။

  5. ဟေရှာယအနာဂတ္တိကျမ်း 26:4ခရစ်တော် မပေါ်မီ 712 ခန့်

    ထာဝရဘုရား၌ အစဉ်အမြဲ ခိုလှုံကြလော့။ ထာ ဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ၏။

  6. ဟေရှာယအနာဂတ္တိကျမ်း 26:5ခရစ်တော် မပေါ်မီ 712 ခန့်

    မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော် မူ၏။ မြင့်မြတ်သောမြို့ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချ လျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။

  7. ဟေရှာယအနာဂတ္တိကျမ်း 26:6ခရစ်တော် မပေါ်မီ 712 ခန့်

    ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူ နှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်။

  8. ဟေရှာယအနာဂတ္တိကျမ်း 26:7ခရစ်တော် မပေါ်မီ 712 ခန့်

    ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင် တော်မူ၏။

  9. ဟေရှာယအနာဂတ္တိကျမ်း 26:8ခရစ်တော် မပေါ်မီ 712 ခန့်

    အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော် လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော် ၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။

  10. ဟေရှာယအနာဂတ္တိကျမ်း 26:9ခရစ်တော် မပေါ်မီ 712 ခန့်

    ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။

  11. ဟေရှာယအနာဂတ္တိကျမ်း 26:10ခရစ်တော် မပေါ်မီ 712 ခန့်

    မတရားသောသူသည် ကျေးဇူးကိုခံရသော် လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြု တတ်ပါ။

  12. ဟေရှာယအနာဂတ္တိကျမ်း 26:11ခရစ်တော် မပေါ်မီ 712 ခန့်

    အိုထာဝရဘုရား၊ လက်တော်ကိုချီတော်မူသော် လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။

  13. ဟေရှာယအနာဂတ္တိကျမ်း 26:12ခရစ်တော် မပေါ်မီ 712 ခန့်

    အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အ ကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ် တို့အဘို့ ပြုတော်မူ၏။

  14. ဟေရှာယအနာဂတ္တိကျမ်း 26:13ခရစ်တော် မပေါ်မီ 712 ခန့်

    အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှ တပါး အခြားသောသခင်တို့သည် အကျွန်ုပ် တို့ကို အစိုးရကြပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။

  15. ဟေရှာယအနာဂတ္တိကျမ်း 26:14ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုသခင်တို့သည် သေကြပါပြီ။ တဖန် အသက်မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြ ပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေ ခြင်းငှါ ပယ်ရှင်းတော်မူပြီ။

  16. ဟေရှာယအနာဂတ္တိကျမ်း 26:15ခရစ်တော် မပေါ်မီ 712 ခန့်

    အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါး စေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ် စေတော်မူပြီ။

  17. ဟေရှာယအနာဂတ္တိကျမ်း 26:16ခရစ်တော် မပေါ်မီ 712 ခန့်

    အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသော အခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသော အခါ၊ ဆုတောင်းပဌနာ စကားကိုသွန်းလောင်းကြပါပြီ။

  18. ဟေရှာယအနာဂတ္တိကျမ်း 26:17ခရစ်တော် မပေါ်မီ 712 ခန့်

    ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဘွားချိန် နီးသောအခါ နာကျင်၍၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ၊ အိုထာဝရဘုရား၊ အကျွန်ုပ် တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။

  19. ဟေရှာယအနာဂတ္တိကျမ်း 26:18ခရစ်တော် မပေါ်မီ 712 ခန့်

    အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင် ခြင်း ဝေဒနာကို ခံရသော်လည်း၊ လေကို ဘွားသကဲ့သို့ ဖြစ်ကြပါပြီတကား။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ လောကီသားတို့သည် မလဲကြပါ။

  20. ဟေရှာယအနာဂတ္တိကျမ်း 26:19ခရစ်တော် မပေါ်မီ 712 ခန့်

    ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါ လိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့၊ နိုး၍သီချင်းဆို ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ်၍၊ မြေသည် လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်။

  21. ဟေရှာယအနာဂတ္တိကျမ်း 26:20ခရစ်တော် မပေါ်မီ 712 ခန့်

    ငါ၏လူတို့၊ လာကြ။ အတွင်းအခန်းထဲသို့ ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင် ၍ နေကြလော့။

  22. ဟေရှာယအနာဂတ္တိကျမ်း 26:21ခရစ်တော် မပေါ်မီ 712 ခန့်

    အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး သားတို့ကို၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ၌ရှိသော အသွေးကိုဘော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တဖန် ဝှက်၍မထားရ။

  23. ဟေရှာယအနာဂတ္တိကျမ်း 27:1ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုကာလ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန် ကို၎င်း၊ လိမ်သောမြွေလဝိသန်ကို၎င်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။

  24. ဟေရှာယအနာဂတ္တိကျမ်း 27:2ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုကာလ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု၍၊ ဤသို့ သီချင်းဆိုကြလော့။

  25. ဟေရှာယအနာဂတ္တိကျမ်း 27:3ခရစ်တော် မပေါ်မီ 712 ခန့်

    ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မ ခြားမလပ်ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်း ငှါ၊ နေ့ညဉ့်မပြတ် စောင့်ရှောက်မည်။