- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 930–586 BC
The Divided Kingdom
The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်စတုတ္ထစောင် 23:37ခရစ်တော် မပေါ်မီ 610 ခန့်
ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ၏။
မနောရှမင်းပြုမိသမျှသောအပြစ်၊
အသေမခံထိုက်သော သူတို့ကို သတ်၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:6ခရစ်တော် မပေါ်မီ 599 ခန့်
ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:7ခရစ်တော် မပေါ်မီ 599 ခန့်
အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သောကြောင့်၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:8ခရစ်တော် မပေါ်မီ 599 ခန့်
ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာ သန်၏သမီး နဟုတ္တအမည်ရှိ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:9ခရစ်တော် မပေါ်မီ 599 ခန့်
ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ဒုစရိုက်ကိုပြု၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:10ခရစ်တော် မပေါ်မီ 599 ခန့်
ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:11ခရစ်တော် မပေါ်မီ 599 ခန့်
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:12ခရစ်တော် မပေါ်မီ 599 ခန့်
ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:13ခရစ်တော် မပေါ်မီ 599 ခန့်
ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား၍၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:14ခရစ်တော် မပေါ်မီ 599 ခန့်
ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတသောင်း၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:15ခရစ်တော် မပေါ်မီ 599 ခန့်
ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ၊ အရာရှိများ၊ အားကြီးသော ပြည်သားများ အပေါင်း၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:16ခရစ်တော် မပေါ်မီ 599 ခန့်
စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြား အပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:17ခရစ်တော် မပေါ်မီ 599 ခန့်
ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိ အရာ၌ နန်းတင်၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:18ခရစ်တော် မပေါ်မီ 599 ခန့်
ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမု ဘာလအမည်ရှိ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:19ခရစ်တော် မပေါ်မီ 599 ခန့်
ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 24:20ခရစ်တော် မပေါ်မီ 599 ခန့်
ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 25:1ခရစ်တော် မပေါ်မီ 590 ခန့်
ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 25:2ခရစ်တော် မပေါ်မီ 590 ခန့်
ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 25:3ခရစ်တော် မပေါ်မီ 588 ခန့်
ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 25:4ခရစ်တော် မပေါ်မီ 588 ခန့်
ခါလဒဲ လူတို့သည်မြို့ရိုးကို ဖြိုဖောက်၍ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး၍မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။