အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်စတုတ္ထစောင် 21:8ခရစ်တော် မပေါ်မီ 698 ခန့်

    ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေ မှာထား သမျှသော တရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်မှ သူတို့ကို နောက်တဖန် ငါမရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊

  2. ဓမ္မရာဇဝင်စတုတ္ထစောင် 21:9ခရစ်တော် မပေါ်မီ 698 ခန့်

    သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသား တို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှါ မနာရှေ သည် သွေးဆောင်လေ၏။

  3. ဓမ္မရာဇဝင်စတုတ္ထစောင် 21:10ခရစ်တော် မပေါ်မီ 698 ခန့်

    ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရော ဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊

  4. ဓမ္မရာဇဝင်စတုတ္ထစောင် 21:11ခရစ်တော် မပေါ်မီ 698 ခန့်

    ယုဒရှင်ဘုရင် မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူး သော အာမောရိလူတို့ပြုသမျှထက် သာ၍ရွံရှာဘွယ် သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်၎င်း၊ မိမိရုပ်တု ဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့် ၎င်း၊

  5. ဓမ္မရာဇဝင်စတုတ္ထစောင် 21:12ခရစ်တော် မပေါ်မီ 698 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။

  6. ဓမ္မရာဇဝင်စတုတ္ထစောင် 21:13ခရစ်တော် မပေါ်မီ 698 ခန့်

    ယေရုရှလင်မြို့ အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပုကန်ကို သုတ်၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။

  7. ဓမ္မရာဇဝင်စတုတ္ထစောင် 21:14ခရစ်တော် မပေါ်မီ 698 ခန့်

    ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့်၍ရန်သူလက်သို့ အပ်သဖြင့်၊ သူတို့သည်ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက် ရာဖြစ်ကြလိမ့်မည်။

  8. ဓမ္မရာဇဝင်စတုတ္ထစောင် 21:15ခရစ်တော် မပေါ်မီ 698 ခန့်

    အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တု ပြည်က ထွက်သော နေ့မှစ၍ ယနေ့တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏။

  9. ဓမ္မရာဇဝင်စတုတ္ထစောင် 21:16ခရစ်တော် မပေါ်မီ 698 ခန့်

    မနာရှေသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကို ပြစ်မှားစေသောအပြစ်မှ တပါးအပြစ်မရှိသော သူအများတို့ကို သတ်၍ ယေရု ရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါပြု၏။

  10. ဓမ္မရာဇဝင်စတုတ္ထစောင် 21:17ခရစ်တော် မပေါ်မီ 698 ခန့်

    မနာရှေပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

  11. ဓမ္မရာဇဝင်စတုတ္ထစောင် 21:18ခရစ်တော် မပေါ်မီ 643 ခန့်

    မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  12. ဓမ္မရာဇဝင်စတုတ္ထစောင် 21:19ခရစ်တော် မပေါ်မီ 643 ခန့်

    အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက် အမည်ရှိ၏။

  13. ဓမ္မရာဇဝင်စတုတ္ထစောင် 21:20ခရစ်တော် မပေါ်မီ 643 ခန့်

    ထိုမင်းသည် ခမည်းတော် မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

  14. ဓမ္မရာဇဝင်စတုတ္ထစောင် 21:21ခရစ်တော် မပေါ်မီ 643 ခန့်

    ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက်၏။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏။

  15. ဓမ္မရာဇဝင်စတုတ္ထစောင် 21:22ခရစ်တော် မပေါ်မီ 643 ခန့်

    ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍ ထာဝရဘုရား၏ လမ်းတော်ကိုလွှဲရှောင်၏။

  16. ဓမ္မရာဇဝင်စတုတ္ထစောင် 21:23ခရစ်တော် မပေါ်မီ 641 ခန့်

    မိမိကျွန်တို့သည် သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။

  17. ဓမ္မရာဇဝင်စတုတ္ထစောင် 21:24ခရစ်တော် မပေါ်မီ 641 ခန့်

    အာမုန်မင်းကြီးတဘက်၌ သင်းဖွဲ့သော သူ အပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။

  18. ဓမ္မရာဇဝင်စတုတ္ထစောင် 21:25ခရစ်တော် မပေါ်မီ 641 ခန့်

    အာမုန်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

  19. ဓမ္မရာဇဝင်စတုတ္ထစောင် 21:26ခရစ်တော် မပေါ်မီ 641 ခန့်

    ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  20. ဓမ္မရာဇဝင်စတုတ္ထစောင် 22:1ခရစ်တော် မပေါ်မီ 641 ခန့်

    ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ်စိုးစံလေ၏။ မယ်တော် ကား၊ ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒ အမည်ရှိ၏။

  21. ဓမ္မရာဇဝင်စတုတ္ထစောင် 22:2ခရစ်တော် မပေါ်မီ 641 ခန့်

    ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။

  22. ဓမ္မရာဇဝင်စတုတ္ထစောင် 22:3ခရစ်တော် မပေါ်မီ 642 ခန့်

    ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံ သားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။

  23. ဓမ္မရာဇဝင်စတုတ္ထစောင် 22:4ခရစ်တော် မပေါ်မီ 642 ခန့်

    ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့်၊

  24. ဓမ္မရာဇဝင်စတုတ္ထစောင် 22:5ခရစ်တော် မပေါ်မီ 642 ခန့်

    ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ၊

  25. ဓမ္မရာဇဝင်စတုတ္ထစောင် 22:6ခရစ်တော် မပေါ်မီ 642 ခန့်

    လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက်၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။