အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထွက်မြောက်ရာကျမ်း 30:16ခရစ်တော် မပေါ်မီ 1491 ခန့်

    ဣသရေလအမျိုးသားတို့၏ အရွေးငွေကို ယူ၍ သူတို့အသက်ကို ရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏ သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့ အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။

  2. ထွက်မြောက်ရာကျမ်း 30:17ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊

  3. ထွက်မြောက်ရာကျမ်း 30:18ခရစ်တော် မပေါ်မီ 1491 ခန့်

    အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ်၍၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။

  4. ထွက်မြောက်ရာကျမ်း 30:19ခရစ်တော် မပေါ်မီ 1491 ခန့်

    သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော်၎င်း၊၊

  5. ထွက်မြောက်ရာကျမ်း 30:20ခရစ်တော် မပေါ်မီ 1491 ခန့်

    အမှုတော်ကို ထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊

  6. ထွက်မြောက်ရာကျမ်း 30:21ခရစ်တော် မပေါ်မီ 1491 ခန့်

    သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုး အနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။

  7. ထွက်မြောက်ရာကျမ်း 30:22ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊

  8. ထွက်မြောက်ရာကျမ်း 30:23ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ၊ မွှေးသော သစ်ကြံပိုးနှစ်ရာငါးဆယ်၊ မွှေးသောကြံနှစ်ရာငါးဆယ်၊

  9. ထွက်မြောက်ရာကျမ်း 30:24ခရစ်တော် မပေါ်မီ 1491 ခန့်

    သစ်ကြံပိုးတမျိုးငါးရာ၊ သံလွင်ဆီတဟိန်ကို ယူ၍၊

  10. ထွက်မြောက်ရာကျမ်း 30:25ခရစ်တော် မပေါ်မီ 1491 ခန့်

    ဆေးသမားအတတ်နှင့် ဖယောင်းဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသော နံ့သာဆီကို ဘော်ပြီးမှ၊

  11. ထွက်မြောက်ရာကျမ်း 30:26ခရစ်တော် မပေါ်မီ 1491 ခန့်

    ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက်သေတ္တာကို၎င်း၊

  12. ထွက်မြောက်ရာကျမ်း 30:27ခရစ်တော် မပေါ်မီ 1491 ခန့်

    စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊

  13. ထွက်မြောက်ရာကျမ်း 30:28ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့်၊

  14. ထွက်မြောက်ရာကျမ်း 30:29ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုအရာတို့ကို အလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့ သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။

  15. ထွက်မြောက်ရာကျမ်း 30:30ခရစ်တော် မပေါ်မီ 1491 ခန့်

    အာရုန်နှင့် သူ၏သားတို့ကို လိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။

  16. ထွက်မြောက်ရာကျမ်း 30:31ခရစ်တော် မပေါ်မီ 1491 ခန့်

    ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဘို့ သန့်ရှင်းသော လိမ်းရန်ဆီ ဖြစ်ရမည်။

  17. ထွက်မြောက်ရာကျမ်း 30:32ခရစ်တော် မပေါ်မီ 1491 ခန့်

    လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကို ဘော်သည်နည်းတူ၊ အခြားသောဆီကို မဘော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။

  18. ထွက်မြောက်ရာကျမ်း 30:33ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုဆီနှင့်တူအောင် ဘော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

  19. ထွက်မြောက်ရာကျမ်း 30:34ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊

  20. ထွက်မြောက်ရာကျမ်း 30:35ခရစ်တော် မပေါ်မီ 1491 ခန့်

    ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည်။

  21. ထွက်မြောက်ရာကျမ်း 30:36ခရစ်တော် မပေါ်မီ 1491 ခန့်

    အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာ ထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။

  22. ထွက်မြောက်ရာကျမ်း 30:37ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုသို့သော နံ့သာပေါင်းကို ဘော်သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဘို့ မဘော်ရ။ သင်တို့တွင် ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

  23. ထွက်မြောက်ရာကျမ်း 30:38ခရစ်တော် မပေါ်မီ 1491 ခန့်

    အကြင်သူသည် မိမိရှို့စရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော်၏။ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

  24. ထွက်မြောက်ရာကျမ်း 31:1ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊

  25. ထွက်မြောက်ရာကျမ်း 31:2ခရစ်တော် မပေါ်မီ 1491 ခန့်

    နားထောင်လော့၊ ငါသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။