အကြောင်းအရာသို့ ကျော်သွားရန်

Creation Era

Creation & The Fall

God creates the heavens and earth, forming humanity in his image before sin enters the world.

138 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 5:20ခရစ်တော် မပေါ်မီ 3382 ခန့်

    ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။

  2. ကမ္ဘာဦးကျမ်း 5:21ခရစ်တော် မပေါ်မီ 3317 ခန့်

    ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။

  3. ကမ္ဘာဦးကျမ်း 5:22ခရစ်တော် မပေါ်မီ 3317 ခန့်

    မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။

  4. ကမ္ဘာဦးကျမ်း 5:23ခရစ်တော် မပေါ်မီ 3017 ခန့်

    ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊

  5. ကမ္ဘာဦးကျမ်း 5:24ခရစ်တော် မပေါ်မီ 3017 ခန့်

    ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။

  6. ကမ္ဘာဦးကျမ်း 5:25ခရစ်တော် မပေါ်မီ 3130 ခန့်

    မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော်၊ သား လာမက်ကို မြင်လေ၏။

  7. ကမ္ဘာဦးကျမ်း 5:26ခရစ်တော် မပေါ်မီ 3130 ခန့်

    လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီး များကို မြင်လေ၏။

  8. ကမ္ဘာဦးကျမ်း 5:27ခရစ်တော် မပေါ်မီ 2348 ခန့်

    မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ၏။

  9. ကမ္ဘာဦးကျမ်း 5:28ခရစ်တော် မပေါ်မီ 2948 ခန့်

    လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင်၍၊

  10. ကမ္ဘာဦးကျမ်း 5:29ခရစ်တော် မပေါ်မီ 2948 ခန့်

    ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။

  11. ကမ္ဘာဦးကျမ်း 5:30ခရစ်တော် မပေါ်မီ 2948 ခန့်

    နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။

  12. ကမ္ဘာဦးကျမ်း 5:31ခရစ်တော် မပေါ်မီ 2353 ခန့်

    လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ၏။

  13. ကမ္ဘာဦးကျမ်း 5:32ခရစ်တော် မပေါ်မီ 2448 ခန့်

    နောဧသည် အသက်ငါးရာရှိ၏။ နောဧ သားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။