အကြောင်းအရာသို့ ကျော်သွားရန်

Midian

44 verses · 2 known names

အခြားအမည်: Midianites

28.9300, 34.9000 Google Maps တွင် ကြည့်ရန်

Midian ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူ၏အပေါင်းအဘော်က၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုးယောရှသားဂိဒေါင်၏ ထားဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည် မိဒျန်အမျိုး၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော၏။

  2. ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည် ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၍ အပ်တော်မူမည်ဟု ဆို၏။

  3. ဣသရေလလူတို့သည် နဿလိခရိုင်၊ အာရှာခရိုင်၊ မနာရှေခရိုင် အရပ်ရပ်ထဲက စုလာ၍၊ မိဒျန်လူ တို့ကို လိုက်ကြ၏။

  4. မိဒျန်ဗိုလ်ချုပ်နှစ်ယောက်၊ ဩရဘနှင့် ဇေဘကို ဘမ်းဆီး၍၊ ဩရဘကို ဩရဘကျောက်ပေါ်၌၎င်း၊ ဇေဘကို ဇေဘကို ဇေဘစပျစ်သီးနယ်ရာ တန်ဆာ၌၎င်း သတ်ပြီးမှ၊ မိဒျန်လူတို့ကို လိုက်သဖြင့်၊ ဩရဘ၏ဦးခေါင်းနှင့် ဇေဘ၏ဦးခေါင်းထံသို့ ဆောင်ခဲ့ကြ၏။

  5. ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကို မခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။

  6. ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ၏။

  7. သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ၏ဟု တောင်းသော် လည်း၊

  8. မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည် လိုက်၍ တပ်ကို ဖျက်လေ၏။

  9. ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆို ကြသော်၊

  10. ဂိဒေါင်တောင်းသော ရွှေနားတောင်းများ အချိန်ကား၊ အခွက်တဆယ်ခုနစ်ပိဿာရှိ၏။ ထိုမှတပါး၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုပ် လည်ကြိုးများကို ရသေး၏။

  11. ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး၍၊ နောက်တဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။

  12. ငါ့အဘသည် သင်တို့အဘို့ စစ်တိုက်၍ ကိုယ်အသက်ကို စွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ။

  13. မိဒျန်ပြည်မှထွက်၍ မါရန်ပြည်သို့ ရောက်လေ၏။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။

  14. ဟုရှံမင်းသေ၍ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ၌ မင်းပြုလေ၏။ မြို့တော်ကား အာဝိတ်မြို့တည်း။

  15. မိဒျန်အမျိုးကို၎င်း၊ ခိရှုန်ချောင်းနားမှာ သိသရ မင်းနှင့် ယာဘိန်မင်းကို၎င်း ပြုသကဲ့သို့ သူတို့ကို ပြုတော် မူပါ။

  16. အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ။

  17. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။

  18. ကုလားအုပ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့် မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။

  19. ကုရှန်ပြည်၌ တဲတို့သည် ဆင်းရဲခံခြင်း၊ မိဒျန် ပြည်၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင်၏။