အကြောင်းအရာသို့ ကျော်သွားရန်

Lebanon

56 verses

33.7500, 35.5900 Google Maps တွင် ကြည့်ရန်

Lebanon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။

  2. ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင် ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။

  3. ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၏။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။

  4. ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။

  5. ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။

  6. လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့၎င်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့၎င်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့၎င်း ဖြစ်ပါ၏။

  7. ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊

  8. တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ ငါ့စိတ်လည်းပြေလိမ့်မည်။

  9. ထင်းရှုးပင်နှင့် လေဗနုန် အာရဇ်ပင်တို့က၊ သင်တို့သည် လဲပြီးသည်နောက်၊ ငါတို့ကို ခုတ်လှဲသော သူသည် မတက်မလာရဟု သင့်ကို ရည်ဆောင်၍ ဝမ်းမြောက်ကြ၏။

  10. လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့ သို့၎င်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့၎င်း ဖြစ်ရ သောအချိန်နီးပြီ မဟုတ်လော။

  11. ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗ နုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ် သည် တောကဲ့သို့ ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား၏။

  12. အလွန်ပွင့်လန်း၍ဝမ်းမြောက်ခြင်း၊ သီချင်းဆို ခြင်းနှင့် တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ် ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနု ဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။

  13. သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင်အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ။

  14. လေဗနုန်တောသည် မီးမွေးဘို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာ ယဇ် ဘို့မလောက်။

  15. ငါ၏သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရူးပင်၊ တဒေရပင်၊ တာရှု ရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာ ကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့် စေမည်။

  16. လွင်ပြင်၌ရှိသော ကျောက်ကို မစွန့်၊ လေဗနုန် တောင်၏ မိုဃ်းပွင့်ကို အဘယ်သူ စွန့်မည်နည်း။ အခြား တပါးသော အရပ်မှစီးလာ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော။

  17. ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့ ၎င်း၊ လေဗနုန်တောင်ထိပ်ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည်။

  18. လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော် လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

  19. အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဘွားခြင်းဝေဒနာကို မိန်းမ ခံရသကဲ့သို့၊ သင်သည်နာကျင်ခြင်းဝေဒနာ ကိုခံရသော အခါ၊ အဘယ်မျှလောက် သနားဘွယ်ဖြစ်လိမ့်မည် တကား။

  20. ထာဝရဘုရားမိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ ထူးခြားသော အဆင်းအရောင်၊ များပြား သော အမွေးနှင့်ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသောရွှေလင်းတကြီးသည် လေဗနုန်တောင် သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊

  21. သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရူး သစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဘို့ လေဗနန်အာရဇ်ပင် တို့ကို ယူကြပြီ။

  22. အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသော အကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ်၏။

  23. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွားသော ရေကို ချုပ်ထား၏။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ၏။

  24. မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။

  25. ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ်စွဲလိမ့်မည်။