Skip to content

Compared To Saints အကြောင်း ကျမ်းစာအခန်းငယ်များ

69 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။

  2. အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။

  3. သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။

  4. အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။

  5. သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။

  6. ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ ကရုဏာ တော်၌ ကာလအစဉ်အမြဲကိုးစားမည်။

  7. သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။

  8. မိမိလူများကိုကား၊ သိုးကဲ့သို့ ထွက်စေ၍၊ တော၌သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ၏။

  9. ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။

  10. သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။

  11. ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏။

  12. တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံ သကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ်ဝန်းရံတော်မူ၏။

  13. အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။

  14. လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။

  15. ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ် သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ၏။

  16. သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊

  17. ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။

  18. မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော် မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။

  19. ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။

  20. သူတို့သည်လည်း ရေမြောင်းအနားမှာ မိုဃ်းမခ ပင်ကဲ့သို့၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။

  21. ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော် မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာ ကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း ဖြစ်လိမ့်မည်။

  22. မိုဃ်းတိမ်ကဲ့သို့၎င်း၊ မိမိတို့အိမ်သို့ ပျံသော ချိုး များကဲ့သို့၎င်း ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။

  23. ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။

  24. တောင်းတလုံး၌ကား၊ အဦးမှည့်သော သင်္ဘော သဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။

  25. ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောဖန်းသီးကို မြင်ပါ၏။ ကောင်း သော သင်္ဘောဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘေသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက်၏။