- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Zebulun
အခြားအမည်: Zabulon
Zebulun ကို ဖော်ပြသော အခန်းငယ်များ
အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲက မင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။
ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သော တောအရပ်၌ ထိုနည်းတူပြု၏။
တမန်တို့ကို မနာရှေခရိုင်မ တရှောက်လုံးသို့ စေလွှတ်၍၊ မနာရှေ အမျိုးသားတို့သည် လိုက်ကြ၏။ တဖန် အာရှာခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်သို့ တမန်တို့ကို စေလွှတ်၍၊ ထိုခရိုင်သားတို့သည် လည်း စုဝေးရာသို့ လာကြ၏။
ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။
ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊
မေရာရိသားအဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တဆယ်နှစ်မြို့တို့ကို ရကြ၏။
ကြွင်းသောမေရာရိသားတို့အားလည်း၊ ဇာဗုလုန် ခရိုင်ထဲက ရိမ္မုန်မြို့နှင့်မြို့နယ်၊ တာဗော်မြို့နှင့်မြို့နယ် တို့ကို၎င်း၊
စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍ တိုက်တတ် သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊
အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွား နှင့်တကွ အမဲသား၊ မုန့်ညက်သင်္ဘောသဖန်းသီး၊ စပျစ် သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုပ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသ ရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။
ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သားဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သား ယေရိမုတ်၊
စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။
သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။
များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။
သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချ တော်မူသော်လည်း၊ နောက်တဖန်အိုင်နားရှောက်သော လမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။
ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။
ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။
မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည်။
နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။
နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊
ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဗင်္ယာမိန် အမျိုးထဲက တသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ၏။