အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တု မြစ်မှစ၍ မြစ်ကြီး တည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကို ၎င်း၊

  2. စာရဲက၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။

  3. စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု၊ အာဗြံအား ဆိုလေ၏။

  4. ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင်၊

  5. ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏ သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟု အမိန့်ရှိ၏။

  6. တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန် များပြားစေမည်ဟူ၍၎င်း၊

  7. သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။

  8. ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။

  9. ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။

  10. ငါ၏ ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကို ငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။

  11. အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊

  12. ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။

  13. နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။

  14. ငါသည် သင့်ကို အလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏ အမျိုး အနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။

  15. ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။

  16. သင်သည် ယခုဧည့်သည်ဖြစ်၍နေသော ပြည်တည်းဟူသော၊ ခါနာန်ပြည်တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။

  17. တဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။

  18. သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။

  19. အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။

  20. ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။

  21. အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။

  22. တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကို မူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသော အမည်ဖြင့်ခေါ်ရ၏။

  23. သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အား သားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်း ကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ကြ လိမ့်မည်ဟု၊ အာဗြဟံအား မိန့်တော်မူ၏။

  24. ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေ သောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊

  25. ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့် မှည့်ရမည်။ သူ၌၎င်း သူ့နောက်မှ သူ၏ အမျိုးအနွယ်၌၎င်း ငါ၏ပဋိညာဉ်ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။