God
God ကို ဖော်ပြသော အခန်းငယ်များ
ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည် အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင် ကို ယုံကြည်သောကြောင့် သူ၌ထိခိုက် သောအနာတခုမျှ မရှိ။
ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နီုင်။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်။
မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွှေးနှင့်တူ၏။ ပလ္လင် တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက် လှည်းဘီးရှိ၏။
မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍ စာစောင်များ ကိုဖွင့်ထားကြ၏။
ထိုညဉ့်အခါ ငါသည် အာရုံပြု၍၊ လူသားနှင့် တူသောသူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊ အသက်ကြီး သော သူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။
ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည့်တိုင် အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ ၏။
အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။
ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီး အပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။
ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။
ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိနန်းစံပဌမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့်၊
အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။
ထိုသို့ အပြစ်ကို ဘော်ပြတောင်းပန်၍ ငါ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့်တော် မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိ ပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ။
အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ် ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှ စ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့ သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသော ကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီး သူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြ ပါ၏။
အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော် လည်း၊ အကျွန်ုပ်တို့အရှင်ဘုရားသခင်သည် ကရုဏာကို ပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော် မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှါ၊ ဗျာဒိတ် တော်အသံကို အကျွန်ုပ်တို့သည်နားမထောင်ဘဲ နေကြ ပါပြီ။
အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခင်၏ ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။
အကျွန်ုပ်တို့တဘက်၊ အကျွန်ုပ်တို့ကို အုပ်သော တရားသူကြီးတို့ တဘက်၌ မိန့်တော်မူသော စကားတော် ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသော ဘေး ဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရု ရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက် တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။
မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည် အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။
ထို့ကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကို စောင့်၍ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီ တကား။
တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏ လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ယနေ့၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့်ပြုမိပါပြီ။
အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရား တော်ရှိသမျှတို့နှင့်အညီ၊ သန့်ရှင်းသော တောင်တော် တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာ သော ဒေါသမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ် များမှစ၍ ဘိုးဘေးတို့၏ အပြစ်များကြောင့်၊ ယေရုရှလင် မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။