အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှါ အထက် ကောင်းကင်ကို၎င်း၊ မြေကြီးကို၎င်း ခေါ်တော်မူလျှက်၊

  2. ယဇ်ပူဇော်သောအားဖြင့်၊ ငါနှင့်ပဋိညာဉ် ဖွဲ့သော ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ၏။

  3. ဘုရားသခင်သည် ကိုယ်တော်တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ်၍၊ ဖြောင့်မတ်တော်ခြင်း အကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြ လိမ့်မည်။

  4. ငါ၏လူများတို့နားထောင်ကြ။ ငါပြောမည်။ အိုဣသရေလအမျိုး၊ သင့်တဘက်၌ငါသက်သေခံမည်။ ငါသည်ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။

  5. မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုး အတွက် ငါသည် သင်၌အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။

  6. သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ။

  7. တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။

  8. တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်း တို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။

  9. ငါသည် ငတ်မွတ်လျှင်သင့်ကိုမပြော။ လောက ဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။

  10. နွားသားကိုငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။

  11. ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။

  12. အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။

  13. မတရားသောသူကိုကား၊ သင်သည် ငါ၏အထုံး အဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ဆိုင်သနည်း။

  14. ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ ငါ့စကား ကို သင့်နောက်၌ ပစ်ထားပါသည်တကား။

  15. ထိုသို့ကျင့်၍ငါသည် တိတ်ဆိတ်စွာနေသော ကြောင့်၊ ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား။ သင်၏အပြစ်ကို ငါဘော်ပြ၍၊ သင့်မျက်မှောက်၌ ခင်းထားမည်။

  16. ဘုရားသခင်ကို မေ့လျော့သောသူတို့၊ ဤအမှုကို ဆင်ခြင်ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ်သော သူမရှိ။ ငါသည် အပိုင်းပိုင်းဆွဲဖြတ်မည်။

  17. ကျေးဇူးချီးမွမ်ခြင်း ယဇ်ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသော လမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူ ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။

  18. အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်း အပြစ်ကိုဖြေတော်မူပါ။

  19. ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။

  20. ဟုတ်မှန်ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။

  21. စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အားကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့် မည်။

  22. အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ၍၊ အကျွန်ုပ် အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော် မူပါ။

  23. အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ် သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။

  24. အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော် မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော် မမူပါနှင့်။

  25. ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်း အခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါ စေသော။