အကြောင်းအရာသို့ ကျော်သွားရန်

Gideon

49 အခန်းငယ် · 4 မိသားစုဝင်

အခြားအမည်: Jerubbaal, Gedeon

Gideon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဂိဒေါင်ကလည်း၊ သို့ဖြစ်၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက်၌ အပ်တော်မူသော အခါ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင်၊

  2. ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌ နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊

  3. ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ၍၊

  4. ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည် ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ ကုလားအုပ်၏ လည်ပင်း၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။

  5. ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆို ကြသော်၊

  6. ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ၏ဟူ၍၎င်း၊

  7. သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင် သည်ဟူ၍၎င်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း။

  8. ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း။

  9. ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး၍၊ နောက်တဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။

  10. ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား၍ နေသတည်း။

  11. ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။

  12. ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။

  13. ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။

  14. ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတို့ကို ပြန်၍ မပြုဘဲ နေကြ၏။

  15. ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့ သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက်၊

  16. ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏ အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့ သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။

  17. တဖန် ဩဖရမြို့၌ ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင်၍ နေသောကြောင့် ကျန်ရစ်သတည်း။

  18. ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။

  19. ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု၍ ဝမ်းမြောက်ပါစေ။

  20. အကြောင်းမူကား၊ ယေရုဗ္ဗာလ၏ သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာ ပြု၍ သတ်မိသောအပြစ်သည် သူတို့ကို သတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့၎င်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်း ရောက်ရမည်အကြောင်းတည်း။

  21. ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက် ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘဟာမော်လူတို့၏ အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။

  22. ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူ သဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။

  23. ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့ လက်မှ ကယ်နှုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။

  24. ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေ လမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။