Skip to content

Widows အကြောင်း ကျမ်းစာအခန်းငယ်များ

90 အခန်းငယ် · 56 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍၊ မုတ်ဆိုးမနှင့်မိဘမရှိသော သူတို့ကို ထောက်မ တော်မူ၏။ မတရားသောသူတို့၏ လမ်းကိုကား၊ ကွေ့ ကောက်စေတော်မူ၏။

  2. မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။

  3. ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မှုဆိုးမတို့၏အမှု ကို စောင့်ကြလော့။

  4. သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။

  5. ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ၎င်း၊

  6. ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။

  7. ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောက ကင်းလွတ်လျက်နေသော သူ၊ ငါရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင် လော့။

  8. သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။

  9. မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက် ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက် တဖန် မအောက်မေ့ရ။

  10. ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏ အသက်ကိုဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင်၎င်း၊

  11. သူတို့မုတ်ဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာ များပြားကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကို ငါခေါ်ခဲ့၍၊ ကြောက်မက်ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ်စေမည်။

  12. ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း၊ သူတို့သားသမီး များကို မွတ်သိပ်ခြင်းသို့၎င်း အပ်တော်မူပါ။ သူတို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့ လည်း စစ်တိုက်ပွဲ၌ထားဖြင့် ဆုံးကြပါစေသော။

  13. ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရား သဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ၏လက်မှကယ်နှုတ် ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌မကွပ်မျက်ကြနှင့်။

  14. သင်၌မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။

  15. စည်ပင်ခဲ့သော မြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား၊ လူမျိုးတို့တွင် ကြီးမြတ်ထူးသော သတို့သမီးသည် မုတ်ဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏ သခင်မသည် အခွန်ပေးရ၏။

  16. အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြ ပါ၏။ အဘဆုံးပါပြီ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ၏။

  17. သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။

  18. မိဘမရှိသောသူ၊ မုတ်ဆိုးမ၊ တကျွန်းတနိုင်ငံ သား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တယောက်ကို တယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသော် လည်း၊

  19. သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန် သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက်၌ ငါသည် လျင် မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။

  20. အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။

  21. အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲ သေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ၏။

  22. ထိုအတူ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှ သေကြ၏။

  23. လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။

  24. ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လာ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ၏။

  25. ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ၍ သွင်းချခဲ့ပြီ။