အကြောင်းအရာသို့ ကျော်သွားရန်

Unfaithfulness အကြောင်း ကျမ်းစာအခန်းငယ်များ: General references

106 အခန်းငယ် · 1 ရှုထောင့်

General references အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊

  2. ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။

  3. ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်တဆူရှိ၏။

  4. မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော် မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ် ရာကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီး ကို သီးပါသည်တကား။

  5. ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။

  6. ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း။

  7. ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြု ရမည်အမှုကို သင်တို့အား ငါဘော်ပြမည်။ စောင်းရန်းကို ငါပယ်ရှင်းသဖြင့်။ သူတပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုကိုဖျိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြ လိမ့်မည်။

  8. ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူ မျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင် အမျိုးမျိုးပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ်မည်။

  9. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက် တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း၊ တရားစီရင်ခြင်း ကို မြော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကို၎င်း တွေ့မြင်တော်မူ၏။

  10. ဣသရေလသည် အသီးများစွာ သီးသော စပျစ် နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက် သီးတတ်၏။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြားစေကြ၏။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသော ရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား။

  11. သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ခြင်းအပြစ်ဒဏ်ကို ခံရကြမည်။ သူတို့ ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင် ဖြိုချ ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။

  12. သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီးမသိးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။

  13. အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။

  14. လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ၏။

  15. တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်းသွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။

  16. အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။

  17. အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။

  18. ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။

  19. နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။

  20. နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။

  21. ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊

  22. ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။

  23. သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။

  24. ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။

  25. ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက်မှောက်၌ လည်း အံ့ဩဘွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။