Skip to content

Silver အကြောင်း ကျမ်းစာအခန်းငယ်များ: Vessels of

12 အခန်းငယ် · 57 ရှုထောင့်

Vessels of အကြောင်း အခန်းငယ်များ

  1. ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။

  2. မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီး ပေးစေခြင်းငှါ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါ ဖလားတို့ကို ဆောင်လျက်လာ၏။

  3. လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်း၊ လားတို့ကို နှစ်တိုင်းအခွန် ဆက်ရကြ၏။

  4. ဗိမာန်တော်အဘို့ငွေဖလား၊ မီးညှပ်၊ အင်တုံ၊ တံပိုး၊ ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ် သေး။

  5. မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီးပေး စေခြင်းငှါ မိမိသားဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ဟဒေါရံသည် ရွှေဖလား၊ ငွေဖလား၊ ကြေးဝါ ဖလားအမျိုးမျိုးတို့ကို ဆောင်ခဲ့လေ၏။

  6. လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒ လက်ထက်ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။

  7. အိမ်နီးချင်း ရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။

  8. နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန် တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက်၊

  9. ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကနေဗုခဒ် နေဇာထုတ်၍ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော် လည်း၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ၌ ထားစေဟု ကုရုမင်းကြီးသည် နန်းစံ ပဌမနှစ်တွင်၊ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမှု မှာ အမိန့်တော်ရှိ၏။

  10. ငွေအခွက်ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက်တတေထောင်၊ ရွှေအခွက်တထောင်။

  11. စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရု ရှလင်မြို့ ဗိမာန်တော် ထဲကခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံ တို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊

  12. သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဘိုး ထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင် ထက် အသက်ရှည်လိမ့်မည်။