Skip to content

Silver အကြောင်း ကျမ်းစာအခန်းငယ်များ: Abundance of

11 အခန်းငယ် · 57 ရှုထောင့်

Abundance of အကြောင်း အခန်းငယ်များ

  1. ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။

  2. ငါသည်ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏ အိမ်တော်အဘို့ ရွှေအခွက်တထောင်နှင့် ငွေအခွက် တသောင်းကို၎င်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကို၎င်း၊ သစ်သားများနှင့်ကျောက်များကို ၎င်းပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။

  3. ငါ၏ဘုရားသခင်အိမ်တော်အဘို့ရွှေတန်ဆာ လုပ်စရာဘို့ ရွှေကို၎င်း၊ ငွေတန်ဆာလုပ်စရာဘို့ ငွေကို ၎င်း၊ ကြေးဝါတန်ဆာလုပ်စရာဘို့ ကြေးဝါကို၎င်း၊ သံတန်ဆာလုပ် စရာဘို့ သံကို၎င်း၊ သစ်သားတန်ဆာလုပ်စရာဘို့ သစ်သားကို၎င်း၊ ရှဟံကျောက်နှင့်အရောင် မျိုးထွက်၍ စီစရာဘို့ ကောင်းသောကျောက်၊ အဘိုးထိုက် သော ကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကို၎င်း၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင်ပြီ။

  4. ငါ၏ဘုရားသခင် အိမ်တော်၌ငါ့စိတ်နှလုံး စွဲလမ်းသောကြောင့်၊

  5. ထိုသန့်ရှင်းသောအိမ်အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့်ကျောက်ထရံတို့ကို မွမ်းမံစရာဘို့ ငွေစင် ခုနစ်သောင်းကို ငါ၏ဘုရားသခင်အိမ်တော်အဘို့ ငါပေး၏။

  6. ရွှေသည် ရွှေတန်ဆာအဘို့၊ ငွေသည် ငွေ တန်ဆာအဘို့နှင့် ဆရာသမားလုပ်သမျှအဘို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ် သူပူဇော်ချင်သနည်းဟု ပရိသတ်အပေါင်းတို့အား မေးတော်မူလျှင်၊

  7. အဆွေအမျိုးတို့၏ အကြီးအကဲများ၊ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်းများ၊ လူ တထောင်အုပ်၊ တရာအုပ်များ၊ ရှင်ဘုရင်၏ အမှုတော်ကို စီရင်သောသူများတို့သည် ကြည်ညိုသော စိတ်ရှိ၍၊

  8. ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ ရွှေအခွက်ငါး သောင်းနှင့်ရွှေဒင်္ဂါးတသောင်း၊ ငွေအခွက် တသိန်း၊ ကြေးဝါအခွက် တသိန်းရှစ်သောင်း၊ သံအခွက် တသန်းကို လှူကြ၏။

  9. ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း၊ များပြားစေ၏။

  10. ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။

  11. သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။