အကြောင်းအရာသို့ ကျော်သွားရန်

Shoes အကြောင်း ကျမ်းစာအခန်းငယ်များ

36 အခန်းငယ် · 23 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သော သူကို ငွေနှင့်၎င်း၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့်၎င်း ရောင်းသောအပြစ်၊

  2. ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်း၊ လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၎င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့၊ ဤစကားကို နားထောင်ကြလော့။

  3. ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။

  4. လမ်းခရီးဘို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။

  5. ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည် ဟု အမိန့်တော်ရှိသော်၊

  6. ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ်မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။

  7. ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မ ဆက်ကြနှင့်။

  8. အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကို ခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။

  9. ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော၏။

  10. ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန်၏။

  11. ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။