Skip to content

Self-Defense အကြောင်း ကျမ်းစာအခန်းငယ်များ

26 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရှုသည် မြို့ဝန်မင်းရှေ့သို့ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။

  2. ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တခွန်းကိုမျှ ပြန်တော်မမူ၊

  3. ပိလတ်မင်းကလည်း၊ သင့်တဘက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊

  4. စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံဩလေ၏။

  5. ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။

  6. ယဇ်ပုရောဟိတ်မင်းကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ၏။

  7. တဖန်ပိလတ်မင်းက၊ သင်သည် တခွန်းကိုမျှပြန်၍ မပြောသလောက်။ သင့်တဘက်၌ အဘယ်မျှ လောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊

  8. စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။

  9. ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။

  10. ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမှီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟုဆိုလျှင်၊

  11. ထိုသိုတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။

  12. ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။

  13. အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီးတို့နှင့်၎င်း၊ ဝေးသော သူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။

  14. ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။

  15. မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ် သိ၍၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။

  16. အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့ သို့ တက်သွား၍၊ ယခု တဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။

  17. ဗိမာန်တော်၌ တစုံတယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားစရပ်တို့၌၎င်း၊ မြို့ထဲ၌၎င်း၊ လူများကို မငြိမ်မသက် စေခြင်းငှါ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။

  18. ယခုတွင်အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင် ကြပါ။

  19. သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ် သော ဘာသာအတိုင်းအကျွန်ုပ်သည် မိစဉ်ဘဆက် ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။

  20. ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သော သူရှိ သမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူကို့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရား သခင်ကို အမှီပြု၍ မြော်လင့်ပါ၏။

  21. ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင်ခွင့် နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။

  22. နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည် တွင်၊

  23. ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ် မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်ကလာသောယုဒလူ အချို့တို့သည် တွေ့ကြပါ၏။

  24. ထိုသူတို့သည် အကျွန်ုပ်အပြစ်တင်စရာရှိလျှင်၊ အထံတော် သို့ကိုယ်တိုင်လာ၍အပြစ်တင်အပ်ပါ၏။

  25. သို့မဟုတ်အကျွန်ုပ်သည် လွှတ်အရာရှိတို့ ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်း အကြောင်းနှင့်၊