အကြောင်းအရာသို့ ကျော်သွားရန်

Select Readings အကြောင်း ကျမ်းစာအခန်းငယ်များ

802 အခန်းငယ် · 47 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကိုယ်တော်သည် အကျွန်ုပ်စကားကိုအစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော် လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွတ်တော်မူပြီးမှ၊

  2. လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။

  3. ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြေလော့ဟု မိန့်တော်မူ၏။

  4. ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကိုမြင်လျှင်၊ ကိုယ်တော် ကို ယုံကြည်ကြ၏။

  5. အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။

  6. ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏

  7. ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။

  8. ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။

  9. ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။

  10. ထိုကာလအခါ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့ သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။

  11. ထိုအသံကိုကြားရသာအခါ၊ လူများတို့သည်စုဝေးလာကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကိုကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။

  12. ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။

  13. သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း။

  14. ပါသိပြည်မှစ၍မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကုပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊

  15. ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသော သူ၊ ရောမမြို့မှလာသောဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊

  16. ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူများသည် ဘုရား သခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။

  17. ထိုလူအပေါင်းတို့သည် မိန်းမော တွေးတောသောစိတ်ရှိသည်နှင့်၊ ဤအမှုအရာသည်အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက်ပြောဆိုကြ၏။

  18. လူအချို့တို့က၊ ဤသူတို့သည်ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။

  19. ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သော အသံနှင့်ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့်ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကိုစေ့စေ့နာခံကြလော့။

  20. ယခုအချိန်ကားနံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။

  21. ဤအရာကားပရောဖက်ယောလဟောဘူးသောအရာ ဖြစ်သတည်း။

  22. ဟောဘူးအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း မည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကိုမြင်မက်ရ ကြလိမ့်မည်။

  23. ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါ သွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။

  24. အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ်မြေကြီးပေါ်၌သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။

  25. ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။