Skip to content

Sciences အကြောင်း ကျမ်းစာအခန်းငယ်များ

74 အခန်းငယ် · 13 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။

  2. အာဖာဇ်သားရှာလ၊ ရှာလသားဟေဗာတည်း။

  3. ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။

  4. ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊

  5. ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊

  6. ဩဗလအဘိမေလ၊ ရှေဘ၊

  7. ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း။

  8. သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့ မျက်နှာ၌သေဖာတောင်တိုင်အောင် ရှိသတည်း။

  9. လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။

  10. အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက် နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

  11. ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကို ပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။

  12. ရွေးသော ရထားခြောက်ရာ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ၏။

  13. သင်တို့တွင် လူငါးယောက်သည် ရန်သူတရားကို လိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

  14. သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊

  15. သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီ ရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံး သို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။

  16. သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။

  17. ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံ သို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်။

  18. လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဘို့ကို မယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။

  19. ထိုလူတို့သည် ထ၍သွားသဖြင့်၊ ယောရှုက လည်း၊ တပြည်လုံးသို့ ရှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသား ခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊

  20. သူတို့သည် တပြည်လုံးသို့ ရှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။

  21. လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။

  22. ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။

  23. အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသောမြို့တို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

  24. အာဇခိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။

  25. အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက်စာရင်း ဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့ သို့သိမ်းသွားခြင်း ကို ခံရနှင့်သာ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် မှတ်စာ၌ ပါသတည်း။