အကြောင်းအရာသို့ ကျော်သွားရန်

Sanitation အကြောင်း ကျမ်းစာအခန်းငယ်များ

289 အခန်းငယ် · 10 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။

  2. လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန် လည်း တနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်း သိမ်းသော သူသည် ဆယ်ဟောမဲကို သိမ်းရ၏။ တပ်ပတ် လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။

  3. သို့ရာတွင် ငုံးသားကို ကိုက်၍ မဝါးမှီ၊ ထာဝရ ဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်း သော ဘေးနှင့်ဒဏ်ခတ်တော်မူ၏။

  4. လူသေကောင်ကို ထိသောသူသည် ခုနစ်ရက် မစင်ကြယ်ဖြစ်လိမ့်မည်။

  5. သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကို သန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့် မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကို မသန့်ရှင်းစေ လျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင် ကြယ်ရ။

  6. လူသေကောင်ကိုထိ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။

  7. တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။

  8. မဖုံးဘဲ ဖွင့်ထားသောအိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။

  9. သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေ အရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌ တွေ့၍ထိလျှင်၊ ခုနစ်ရက် ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။

  10. မစင်ကြယ်သောသူ ထိသမျှသော အရာသည် လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကို ထိသောသူ လည်း ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

  11. သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေ ကြလော့။

  12. သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့် ရက်သောအရာ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ၏။

  13. သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။

  14. သင်၏ဘုရားသခင် ထာဝရဘုရားသည် ဂတိ တော်ရှိသည်အတိုင်း၊ သင်၏နေရာ ပြည်ကို ကျယ်စေ တော်မူသောအခါ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်း စားရသောအခွင့်ရှိ၏။

  15. သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေး တော်မူသော သိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။

  16. သမင်၊ ဒရယ်ကို စားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍ စားရသောအခွင့်ရှိကြ၏။

  17. သို့ရာတွင်၊ အသွေးကို မစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌ တည်၏။ အသား နှင့်တကွ အသက်ကို မစားရ။

  18. ထို့ကြောင့် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။

  19. သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ် သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ အသွေးကို ရှောင်ရ မည်။

  20. စက်ဆုပ်ရွံ့ရှာဘွယ်သော အရာကို သင်တို့ မစားရ။

  21. စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊

  22. သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရ အစရှိသော၊

  23. ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို စားရသောအခွင့်ရှိ၏။

  24. သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြား သော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလား အုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။

  25. ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန် သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။