Sanitation အကြောင်း ကျမ်းစာအခန်းငယ်များ: Venereal diseases
Venereal diseases အကြောင်း အခန်းငယ်များ
သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ရိနာစွဲသော ယောက်ျားသည် မစင်ကြယ်။
အစဉ်ယိုသည်ဖြစ်စေ၊ တခါတလေ ရပ်သည်ဖြစ်စေ၊ ထိုသူသည် မစင်ကြယ်။
အိပ်သမျှထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ်။
သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာ ထိုင်သောသူ၊
သူ၏ ကိုယ်ကို ထိသောသူ၊
သူ၏ တံထွေးထိမိသောသူသည်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကိုရေးချိုးရမည်။
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ရိနာစွဲသော သူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
သူ့အောက်၌ရှိသောအရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။ ထိုအရာ တစုံတခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ရိနာစွဲသောသူသည်၊ လက်မဆေးဘဲ သူတပါးကို လက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ရိနာစွဲသောသူ ထိသော မြေတန်ဆာကို ခွဲရမည်။ သစ်သား တန်ဆာကို ရေနှင့်ဆေးရမည်။
ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကို လျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။
ယောက်ျားသည် သုတ်ရည်ထွက်လျှင် တကိုယ်လုံး ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
သုတ်ရည်ထိသောအဝတ်၊ သားရေရှိသမျှတို့ကို ရေနှင့်လျှော်ရမည်။
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ယောက်ျားသည် မိန်းမနှင့် သံဝါသပြုလျှင်၊ နှစ်ယောက်စလုံး ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
မိန်းမသည် ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌ နေရမည်။ သူ့ကို ထိသောသူ သည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ဥတုမစင်ကြယ်လျက် အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။
သူ၏အိပ်ရာ၊ သူ၏ထိုင်ရာကို ထိသောသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
သူ၏နေရာထိုင်ရာစွန်းလျှင်၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ဥတုရောက်သော မိန်းမနှင့် သံဝါသပြုသောသူသည် ခုနှစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှ လည်း မစင်ကြယ်ဖြစ်၏။
ဥတုမစင်ကြယ်ရာ ကာလလွန်မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင် ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။
အနာမပျောက်မှီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့၎င်း၊ ထိုင်ရာသည် ၎င်း မစင်ကြယ်ဖြစ်၏။
ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ထိုမိန်းမသည် သွေးယိုနာပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။