အကြောင်းအရာသို့ ကျော်သွားရန်

Riches အကြောင်း ကျမ်းစာအခန်းငယ်များ

225 အခန်းငယ် · 107 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ် သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေး လျှောက်သော်၊

  2. ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။

  3. သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကို မသတ် နှင့်။ သူဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင်၊

  4. အရင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊

  5. ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်အခုလိုသေး၏။ သွားလော့။ ကိုယ် ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့် မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။

  6. ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ် မသာသည်နှင့်သွားလေ၏။

  7. ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ် လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။

  8. တပည့်တော်တို့သည် ထိုစကားကိုကြားလျှင်၊ မိန်မောတွေဝေခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါသားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့အလွန်ဝင်ခဲလှ၏။

  9. ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။

  10. ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လာ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ၏။

  11. ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ၍ သွင်းချခဲ့ပြီ။

  12. အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍သွင်းချကြ၏။ ထို မိန်းမမူကားအလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ၏။

  13. တနည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်မူကား၊ သင်တို့သည် မိမိ သက်သာခြင်းကို ယခုခံရကြ၏။

  14. မာရိမူကား၊ ကောင်းသောအဘို့ကို ရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ မနှုတ်မယူရာဟု မိန့်တော်မူ ၏။

  15. ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။

  16. တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။

  17. ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။

  18. ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည်။

  19. ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထား လျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။

  20. ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။

  21. ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကိုဆည်းဖူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ၏။

  22. တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။

  23. ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။

  24. လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊

  25. သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကို လျက်ကြ။