Riches အကြောင်း ကျမ်းစာအခန်းငယ်များ: Guilt of trusting in
Guilt of trusting in အကြောင်း အခန်းငယ်များ
ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊
ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏။
ကိုယ်ဉာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။
ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။
သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည်။