အကြောင်းအရာသို့ ကျော်သွားရန်

Pillars အကြောင်း ကျမ်းစာအခန်းငယ်များ

42 အခန်းငယ် · 27 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကြေးဝါကွန်ရွက်နှင့်ကြေးဝါကြိုးတို့ကိုလည်း လုပ်၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ် ပေါ်မှာ ဖုံးလွှမ်းလေ၏။

  2. ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ် ကွန်ရွက်အပေါ်မှာ ထိပ်တခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။

  3. ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့ သည် ကြာပွင့်နှင့် ပုံတူ၍ အချင်းလေးတောင်ရှိ၏။

  4. တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့် နီးစပ်သော ထုပိကာအပေါ်မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ၏။

  5. ထိုတိုင်တို့ကို ဗိမာန်တော်ကနားပြင်ထဲမှာ စိုက် ထား၍ လက်ျာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇ အမည်ဖြင့် မှည့်လေ၏။

  6. ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။

  7. ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလား အဖြူ အစိမ်းအပြာတို့နှင့်၎င်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေ အနေအထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။

  8. ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။

  9. ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။

  10. မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင်တို့ကို ငါထောက်ခံရ၏။

  11. ကွန်းစင်တိုင်တို့ကို ငွေဖြင့်၎င်း၊ အောက်ပိုင်းကို ရွှေဖြင့်၎င်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ပလာဖြင့်၎င်း၊ ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီး တို့သည် မေတ္တာနှင့်ချယ်လှယ်ကြပြီ။

  12. ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။

  13. ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ် ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တနိုင်ငံလုံး တဘက်၌၊ ခိုင်ခံ့သော မြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ ငါခန့်ထား၏။

  14. အမှီတကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသော အခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည်တပါးအမျိုး သားတို့ဆီသို့သွားမည်အကြောင်း၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ၏။

  15. ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။

  16. အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။

  17. ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။