အကြောင်းအရာသို့ ကျော်သွားရန်

Penitent အကြောင်း ကျမ်းစာအခန်းငယ်များ

131 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။

  2. တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။

  3. ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။

  4. ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။

  5. သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင်သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့် ကင်းလွတ်ကြလိမ့်မည်။ သူအပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။

  6. တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။

  7. တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။

  8. သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။

  9. ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။

  10. သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။

  11. လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်း သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။

  12. သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။

  13. တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊

  14. မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။

  15. ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။

  16. တနည်းကား၊ တစုံတယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မှီတိုင်အောင် တအိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။

  17. တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်း မြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။

  18. ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတ ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။

  19. တဖန် မိန့်တော်မူသည်ကား၊ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။

  20. သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။

  21. ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊

  22. ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။

  23. ထိုအခါ ပြည်သားတယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊

  24. သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကို မကျွေး။

  25. ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤ ပြည်၌သေအောင် အငတ်ခံရ၏။