အကြောင်းအရာသို့ ကျော်သွားရန်

Parables အကြောင်း ကျမ်းစာအခန်းငယ်များ

452 အခန်းငယ် · 74 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မသွားမှီ မိမိငယ်သားတကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။

  2. ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။

  3. ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီး အသီးအဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။

  4. ပဌမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင်၊

  5. သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုး လော့ဟု မိန့်တော်မူ၏။

  6. ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊

  7. သခင်က၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ၏။

  8. အခြားသော သူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ထုပ်ထားသော ကိုယ်တော်၏ ငွေတပိဿာ ရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊

  9. ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ရိတ်တတ်သည်ကို အကျွန်ုပ် ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊

  10. သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏ စကားကိုသာလိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်ပျိုးသော လယ်၌ရိတ်သည်ကို သင်သိသည်မှန်လျှင်၊

  11. ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်း နှင့် အဘိုးကို ရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊

  12. အခြွေအရံတို့အား၊ ငွေတပိဿာကို သူ့လက်မှ နှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့် တော်မူ၏။

  13. အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏ဟု လျှောက်ကြလျှင်၊

  14. ငါဆိုသည်ကား၊ အကြင်သူသည်ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။

  15. ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ၏။

  16. ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့တံခါးစဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုး ထားပြဖြစ်၏။

  17. သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။

  18. ထိုးသူအားတံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကိုသိုးတို့သည် နားထောင်တတ်ကြ၏။ သူ သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။

  19. သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။

  20. မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ် ကြသည်ဟု မိန့်တော်မူ၏။

  21. ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ။

  22. ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။

  23. ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။

  24. သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။

  25. ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။